Deus The Dark Sphere
ဘယ်သူကသေရမယ် ရှင်ရမယ်ဆိုတာကို လူအချင်းချင်း ဆုံးဖြတ်ပေးခွင့်ရှိပါသလား။ မိမိရဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ခြင်းကသာ အဖြစ်သင့်ဆုံးပါ။ Deus: The Dark Sphere ကတော့ အဲဒီအချက်ကို ထင်းလင်းမြင်သာနိုင်မယ့် sci-fi ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဂြိုလ်ပတ်လမ်းကြောင်းပေါ်မှာ လျိုဝှက်ဆန်းပြားတဲ့ အနက်ရောင်ကမ္ဘာလုံးသဏ္ဍာန်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲဒီအကြောင်းကိုစုံစမ်းဖိုအတွက် လူ ၆ ယောက်အဖွဲကို စေလွှတ်ခဲ့ပါတယ်။ အဲဒီထဲမှာ ကာလာဂရေးလည်း တစ်ယောက်အပါအ၀င်ပေါ့။ သူမဟာ မတော်တဆမှုကြောင့် မိသားစုကိုဆုံးရှုးရပြီး မကြာခင်မှာပဲ ယာဉ်ပေါ်တက်ခဲ့ရသူပါ။ အာကာသထဲမှာ ကမ္ဘာလုံးနက်ကြီးအကြောင်း စုံစူးစမ်းကြရင်း တစ်ရက်တော့ အဲဒီကနေထုတ်လွှင့်လာတဲ့ စကားလုံးတစ်လုံးကို ရရှိခဲ့ပါတယ်။ အဲဒါကတော့ "Deus" ပါ။ လက်တင်လို ဘုရားသခင်လို အဓိပ္ပါယ်ရပါတယ်။ အဲဒီမှာတင် ယုံကြည်မှုတွေ၊ သဘောထားတွေကွဲပြားပြီး ပြဿနာတွေစတင်လာပါတယ်။ ကာလာတိုအဖွဲ အဲဒီကမ္ဘာလုံးနက်ကြီးအကြောင်း စူးစမ်းကြရင်း မထင်မှတ်တဲ့အမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ အဲဒီနောက်မှာတော့ ရှုပ်ထွေးနက်နဲတဲ့အခြေအနေတွေကို ဘယ်လိုဆက်ရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ Sci-fi ရုပ်ရှင်ချစ်သူတို ကြည့်ထားသင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Scarlett-Joe ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း