ဇာတ်ကားများ ရွေးရန်

Dongalunnaru Jagratha

2022ဇာတ်ကားWeb-dl 1080p

2022ခုနှစ်ထွက် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ ကားထဲကပစ္စ ည်း‌ေတွခိုးဖို့ကြံနေတဲ့ သူခိုးတစ်ယောက် ခိုးဖို့လာတယ်‌။ သူကပစ္စ ည်းအကြီးတွေခိုးတာမဟုတ်ဘဲ ‌အ‌သေးစားတွေပဲ ခိုးတဲ့သူခိုး။ လက်ကိုင်အိတ်တို့ ဖုန်းတို့ လက်တော့ပ်တို့ပဲ ခိုးတဲ့သူ။ မိန်းမရှိပြီးကိုယ်ဝန်လွယ်ထားနေရတဲ့ အခြေအနေ။ ခိုးဖို့လာပြီးကားထဲကိုဝင်တော့ ကားထဲမှာအဖိုးတန်တာဘာမှမရှိလို့ ပြန်ထွက်ဖို့လုပ်နေတဲ့အချိန် ကားတံခါးကလော့ကျသွားတယ်။ နည်းအမျိုးမျိုးနဲ့ကြိုးစားပေမယ့် တံခါးကပွင့်မလာဘူး။ ဘေးကဖြတ်သွားတဲ့လူတွေကို အကူအညီတောင်းတော့လည်း မကြားကြဘူး။ သူ့ကိုလည်းမမြင်ကြဘူး။ အဲဒီလိုအစာငတ်ရေငတ်နဲ့ တစ်ညကြာသွားတယ်။ ဘာ‌ကြောင့်သူအဲလိုပိတ်မိနေတာလဲ။ လူတွေသူ့ကိုမမြင်ရ မကြားရတာဘာကြောင့်လဲဆိုတာ မြှပ်ကွက်လေးတွေနဲ့မို့ ကြည့်ရှူလိုက်ပါဦး။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ Lilly ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း