Blurr
ညီမဖြစ်သူ ဂေါ့တမီက အမြင်အာရုံပြန်မရနိုင်တော့ဘူးဆိုပြီး သေကြောင်းကြံစည်သွားတာကို အစ်မဖြစ်သူက မယုံနိုင်ခဲ့ပါဘူး။ အဲ့ဒါနဲ့ပဲ အဲ့အမှုကို ဆက်လိုက်ရင်း ခင်ပွန်းဖြစ်သူ နီးလ်,ပါ ဆုံးသွားခဲ့ပြန်ပါတယ်။ နီးလ်က သူနဲ့ ဂေါ့တမီက ဖောက်ပြန်နေကြတာပါဆိုပြီး အသံနဲ့စာချန်ထားခဲ့ပါတယ်။ အဲ့အပြင် ဂါယာထရီတစ်ယောက် ညီမလိုမျိုး အမြင်အာရုံဆုံးရှုံးသွားပါတယ်။ ရဲတွေက ဒီပြစ်မှုတွေကို ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှုလို့ပဲ ဆုံးဖြတ်ပြီးအမှုကို ပိတ်ပစ်လိုက်ပါတယ်။ တောင်ပေါ်လမ်းက တောလေးထဲမှာ နေထိုင်တဲ့သူတွေ ဖြစ်လို့ ပတ်ဝန်းကျင်ကအစ အေးတိအေးစက်နိုင်လှပါတယ်။ ဒီလို မှောင်မိုက်လှတဲ့နေရာမှာ အမြင်အာရုံဆုံးရှူးသွားတဲ့ ဂါယာထရီတစ်ယောက် လူသတ်တရားခံကို ရဲတွေအကူအညီမပါဘဲ ဘယ်လိုရှာဖွေမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း