ဇာတ်ကားများ ရွေးရန်

The Masked Scammer

2022ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက် တင်ပြမယ့် ဇာတ်ကားလေးကတော့ ဖုန်းတစ်လုံးနဲ့ လိုက်လိမ်လည်နေတဲ့ Gilbert Chikli ရဲ့ ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။ ဒီကားလေးဟာ ရုပ်ရှင်ကားမဟုတ်ဘဲ Netflix က ရိုက်ကူးပြသထားတဲ့ TV show တစ်ခုပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် Gilbert Chikli ရဲ့ ဘဝဇာတ်ကြောင်း သူနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေကို သူ့အကြောင်းမေးမြန်းထားတဲ့ အင်တာဗျူးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကမ္ဘာ့ top 3 လူလိမ်တွေထဲက တစ်ဦးဖြစ်တယ်ဆိုတဲ့ Gilbert Chikli က ဖုန်းလေးတစ်callနဲ့တင် ယူရို သိန်းသန်းပေါင်းများစွာကို ရအောင် လှည့်စားနိုင်တဲ့လူတစ်ဦးပဲဖြစ်ပါတယ်။ ဒီတော့ သူ့ရဲ့ လိမ်လည်နည်းတွေက ဘယ်လိုတွေလဲ ဉာဏ်ကောင်းပြီ ပါးနပ်လှတဲ့ လူလိမ်တစ်ဦးရဲ့ အဆုံးသတ်ကရော ဘယ်လိုဖြစ်မလဲဆို စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း