Dsp
အဖေဖြစ်သူက အစိုးရအလုပ်ကလွဲရင် သားဖြစ်သူ ဗာစကိုကို မလုပ်စေချင်လို့ အိမ်ရဲ့စီးပွားရေးဖြစ်တဲ့ပန်းဆိုင်မှာတောင် ကူမလုပ်ခိုင်းခဲ့ပါဘူး။သားဖြစ်သူကလည်း ကူမလုပ်ရတဲ့ အတူတူဆိုပြီး သူငယ်ချင်းတွေနဲ့ ပျော်လိုက် ဆော့လိုက် နဲ့ ဘဝကြီးကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေခဲ့ပါတယ်။ ဗာစကိုက မတရားမှုတွေ မြင်ရင် ဝင်ပါပြီး ဖြေရှင်းချင်ပေမယ့် အဖေဖြစ်သူက တားထားတဲ့အတွက် မဖြေရှင်းနိုင်ခဲ့ပါဘူး။ တစ်နေ့မှာတော့ ဒယ်ဟူလမ်းရဲ့ နာမည်ကြီး လူမိုက်တစ်ယောက်နဲ့ ရန်ပွဲစတင်ခဲ့ပြီး အဲ့ကနေတစ်ဆင့် ဗာစကိုတစ်ယောက် ဇာတိမှာပဲ ပုန်းကွယ်နေခဲ့ရပါတယ်။ နောက်မှာတော့ ဗာစကိုက DSPတစ်ယောက်ဖြစ်လာပြီး ရန်ပွဲကို ဖြေရှင်းဖို့ ဒယ်ဟူလမ်းမှာပဲ တာဝန်ချထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့အချိန်မှာ လူဆိုးဘိုင်ဒါကလည်း MLAဥက္ကဌဖြစ်လာခဲ့ပါပြီ။ ဒီလိုသာဆိုရင် ဗာစကိုတစ်ယောက် ဘယ်လိုတွေ လက်စားချေပြီး မတရားမှုတွေကို တိုက်ဖျက်မလဲဆိုတာကို ဟာသလေးပါ ရောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း