You're Killing Me
သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်အကြောင်း အတိုချုန်းပြောပြချင်ပါတယ်။ အီဒန်ဆိုတဲ့ကောင်မလေးဟာ သူမသူငယ်ချင်းနဲ့အတူသူတို့အိပ်မက် ကောလိပ်ကို တက်နိုင်ဖို့ စကောလာရအောင် ကြိုးစားနေကြပါတယ်။ အဲ့အတွက်အထောက်အကူဖြစ်ဖို့ အီဒန်က သူတို့အတန်းထဲက လွှတ်တော်အမတ်ရဲ့သားကို သူ့အဖေဆီက ထောက်ခံစာရဖို့ အကူအညီတောင်းပါတော့တယ်။ အဲ့အချိန်မှာအီဒန်တို့ ကျောင်းမှာ ထူးဆန်စွာနဲ့ အတန်းဖော်ကောင်မလေး ပျောက်ဆုံးသွားပြီး စုံထောက်တွေကလည်း စုံစမ်းနေကြပါတယ်။ ဒီထိတ်လန့်စရာဖြစ်ရပ်တွေအားလုံးက အီဒန်က လွှတ်တော်အမတ်နဲ့တွေ့နိုင်ဖို့ သူ့သားရဲ့ ပါတီကို သွားမိတဲ့အချိန်ကနေ စတာပါ။ အီဒန်နဲ့ သူ့သူငယ်ချင်းက အဲ့ကျောင်းသားရဲ့ပါတီမှာ အချိန်ကုန်နေရင်း သူ့သူငယ်ချင်း သောက်ပြီး မူးနေတဲ့အချိန် အဲ့အိမ်ထဲက အခန်းတစ်ခုမှာ ခဏသိပ်လိုက်ပါတယ်။ အဲ့မှာ မထင်မှတ်ဘဲ သူတို့အဖွဲ့ထဲကတစ်ယောက်ရဲ့ ဖုန်းထဲက ဗီဒီယိုကို တစ်ပိုင်းတစ်စကြည့်မိရာကနေ သူတို့အတန်းဖော်ကောင်မလေး ပျောက်နေတာ အဲ့အဖွဲ့နဲ့ဆိုင်နေကြောင်း သိသွားပါတော့တယ်။ သူတို့ထဲက တစ်ယောက်က ဖုန်းထဲမှာ ဘယ်လိုအကြောင်းအရာကို ရိုက်ထားတာလဲ။ လွှတ်တော်အမတ်လင်မယားကရော အဖြစ်မှန်ကို သိတဲ့အခါ ဘာတွေ ဆက်လုပ်မှာလဲ။ အဖြစ်အပျက်တချို့ကို သိလိုက်ရပြီးတဲ့နောက် သူတို့အားလုံးအတွက် ဘယ်လို ကြောက်စရာ၊ ထိတ်လန့်၀မ်းနည်းစရာအဖြစ်တွေ ဖြစ်လာဉီးမလဲ ဆိုတာကတော့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း