Missing: The Lucie Blackman Case
ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ခုနှစ်တုန်းကတိုကျိုမှာအလုပ်လာလုပ်ရင်းနဲ့ပျောက်ဆုံးသွားခဲ့တဲ့လူစီဘလက်မန်းဆိုတဲ့ကောင်မလေးရဲ့အမှုကို Documentary အနေနဲ့ပြန်ရိုက်ထားတာပဲဖြစ်ပါတယ်။ဒီအမှုကအရမ်းကြီးလွန်းလို့ဂျပန်တစ်နိုင်ငံလုံးမှာပါနာမည်ကြီးသွားခဲ့တာပါ။ဖြစ်စဉ်ကတော့ဗြိတိန်ကနေပြီးတော့ဂျပန်မှာနိုက်ကလပ်မယ်အဖြစ်အလုပ်လုပ်နေတဲ့လူစီဆိုတဲ့ကောင်မလေးက ၂၀၀၀ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာပျောက်ဆုံးသွားခဲ့ပြီးနောက်မှာတိုကျိုရဲဌာနကသူမရဲ့အဖေဖြစ်သူကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ဒီလိုနဲ့သူ့အဖေလဲဂျပန်ကိုချက်ချင်းလိုက်သွားခဲ့ပြီးတော့သူ့သမီးကိုရှာဖို့အတွက်ဂျပန်ကရဲတွေနဲ့ပူးပေါင်းပြီးကြိုးစားခဲ့ပါတော့တယ်။ဒါပေမယ့်လဲထုံးစံအတိုင်းရဲတွေရဲ့သမီးဖြစ်သူကိုရှာဖွေပုံကိုအားမလိုအားမရဖြစ်နေတဲ့လူစီရဲ့အဖေဖြစ်သူကမီဒီယာတွေကိုအသုံးချပြီးသမီးဖြစ်သူကိုရှာဖွေရာမှာပိုထိရောက်အောင်ကြိုးစားခဲ့ပါတော့တယ်။မီဒီယာတွေအပြင်ကိုမှဗြိတိန်ဝန်ကြီးချုပ် ဂျပန်ဝန်ကြီးချုပ်တို့ပါပါလာတဲ့အတွက်ဒီအမှုကဟိုးလေးတကျော်ကျော်ဖြစ်သွားပြီးလူတိုင်းရဲ့ပါးစပ်ဖျားမှာပြောလာကြပါတော့တယ်။ဒီလိုနဲ့ရဲတွေနဲ့အဖေဖြစ်သူလဲကိုယ့်နည်းကိုယ့်ဟန်နဲ့စုံစမ်းကြပြီးနောက်ဆုံးမှာတော့တရားခံဖြစ်သူကိုရှာတွေ့သွားမလားဆိုတာကိုစိတ်ဝင်စားစရာအနေနဲ့ကြည့်ရမဲ့ဂျပန်နိုင်ငံကဖြစ်ရပ်မှန်နာမည်ကြီးအမှုတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း