Night of the Hunted
သည်းထိတ်ရင်ဖို့ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ Horror, Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲလစ်ဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းနဲ့အတူ အစည်းအဝေးတစ်ခုကနေ အိမ်ကိုပြန်လာတဲ့အချိန်မှာ အမြန်လမ်းကပိတ်ထားတဲ့အတွက် ကားအသွားအလာ သိပ်မရှိတဲ့ ၅၉ လမ်းကနေ လာခဲ့ရပါတယ်။ လမ်းခုလတ်ရောက်တော့ ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ ကားကိုဆီဝင်ဖြည့်ရင်း အဲလစ်က လိုအပ်တာတွေဝယ်ဖို့ စတိုးဆိုင်ထဲကိုဝင်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဘယ်ကနေပစ်လိုက်မှန်းမသိတဲ့ ကျည်တစ်တောင့်က အဲလစ်ရဲ့လက်မောင်းကို ထိမှန်သွားပါတယ်။ အဲဒီအချိန်ကစပြီး အဲလစ်ဟာ သေနတ်သမားကြောင့် စတိုးဆိုင်ထဲကနေထွက်လို့မရတော့ပဲ ပိတ်မိနေပါတော့တယ်။ အဲဒီတော့ သေနတ်သမားက အဲလစ်ကို ဘာဖြစ်လို့သတ်ချင်နေရတာလဲ။ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲ။ အဲလစ်ကရော အမဲလိုက်ခံရတဲ့ညကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း