ဇာတ်ကားများ ရွေးရန်

Bitconned

2024ဇာတ်ကားWeb-dl 1080p

Crypto တို့ Bitcoin တို့ဆိုတာကနိုင်ငံခြားမှာတော်တော်ကျယ်ပြန့်ပြီးလူတိုင်းနီးပါးသိကြပေမဲ့မြန်မာနိုင်ငံမှာကတော့သိကြတဲ့လူကမရှိတာမဟုတ်ပေမဲ့သိတဲ့လူကရှားတော့ရှားနေပါသေးတယ်။အဲ့ဒီ Crypto ငွေကြေးလောကစပေါ်ပေါက်လာကတည်းကအခုထက်ထိလိမ်လည်မှုတွေကရှိနေတုန်းပါ။ကိုယ်အထာနက်ရင်နက်သလိုပိုက်ဆံအများကြီးရနိုင်မဲ့ညတွင်းချင်းသူဌေးဖြစ်သွားနိုင်မဲ့အခွင့်အလမ်းတွေရှိတဲ့လောကဆိုတော့လဲဒီလိုလိမ်လည်မှုတွေ ဂျင်းထည့်မှုတွေရှိနေတာကတော့မဆန်းပါဘူး။ ဒါပေမယ့်အခုတင်ဆက်ပေးမှာကတော့အဲ့ဒီ Crypto လောကမှာနာမည်အကြီးဆုံးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ကမ္ဘာနဲ့ချီတဲ့ပထမဆုံးလိမ်လည်မှုအကြီးစားကြီးအကြောင်းပဲဖြစ်ပါတယ်။ရုပ်ရှင်မဟုတ်ပဲ Documentary အနေနဲ့အဲ့ဒီအဖြစ်အပျက်မှာပါဝင်ခဲ့သူတိုင်းကသူတို့တွေ့ကြုံခဲ့ရတာတွေကိုပြောပြတာပဲဖြစ်ပါတယ်။အဲ့ဒီလိမ်လည်မှုအကြီးစားကြီးကတော့ Centra Tech လို့ခေါ်တဲ့ကုမ္ပဏီတစ်ခုရဲ့ငွေဘီလီယံပေါင်းများစွာလိမ်လည်ခဲ့မှုပဲဖြစ်ပါတယ်။ Centra Tech ဆိုတာကအဲ့ဒီအလွယ်တကူထုတ်ယူလို့မရတဲ့ Crypto ငွေကြေးတွေကိုနေ့စဉ်သုံးစွဲနေတဲ့ငွေကြေးတွေလိုပဲကဒ်လေးတစ်ခုနဲ့သုံးလို့ရအောင်လုပ်ပေးမယ်ဆိုပြီးကတိပေးခဲ့တဲ့ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။စစချင်းတုန်းကတော့ငွေလိမ်ဖို့ပဲစဉ်းစားပြီးအဲ့ဒီကုမ္ပဏီကိုထောင်ခဲ့ပေမဲ့ရင်းနှီးမတည်ငွေတွေများလာတဲ့အခါမှာရေလိုက်ငါးလိုက်ဆက်သွားရင်းနဲ့ဒီလိမ်လည်မှုကြီးရဲ့နေဝင်ချိန်ကိုရောက်လာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြလဲ။အဲ့ဒီဂျင်းကုမ္ပဏီကြီးကိုတည်ထောင်ခဲ့တဲ့လူတွေရောဘာတွေဖြစ်ကုန်ကြလဲဆိုတာကိုကြည့်ရှုရမဲ့ Documentary တစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း