ဇာတ်ကားများ ရွေးရန်

Dr. Cheon and Lost Talisman

2023ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဒီတစ်ခေါက်မှာတော့ကိုးရီးယားသဘာ၀လွန်အက်ရှင်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Dr Cheon And The Lost Talisman ဖြစ်ပြီးဇာတ်ကားနာမည်အတိုင်းဒေါက်တာချွန်းနဲ့ပျောက်ဆုံးနေတဲ့အဆောင်အကြောင်းကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 6 ရှိထားပြီးသဘာ၀လွန်ဖြစ်ရပ်ဆန်းတွေကြိုက်နှစ်သက်တဲ့လူတွေအတွက်တော့ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ဒေါက်တာချွန်းဆိုတဲ့လူကနတ်ဆရာတစ်ယောက်ဖြစ်ပြီးသူ့တပည့်အင်ဘယ်နဲ့အတူတူမကောင်းတဲ့ပရလောကသားတွေနဲ့ပတ်သတ်ပြီးကြုံတွေ့ရတဲ့ပြဿနာတွေကိုလိုက်လံရှင်းလင်းပေးနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့လုပ်နေတာတွေကအစစ်အမှန်တွေမဟုတ်ပဲ အင်ဘယ်ရဲ့နည်းပညာပစ္စည်းတွေအကူအညီနဲ့လိုက်လံဂျင်းထည့်ပြီးပိုက်ဆံရှာနေတာပါ။ဒီလိုနဲ့တစ်နေ့မှာတော့သူတို့ဂျင်းထည့်လို့မရတဲ့တကယ်ဆိုးဝါးတဲ့ပြဿနာတစ်ခုကိုရှင်းလင်းဖို့သူတို့ကိုအလုပ်လာအပ်တဲ့အခါမှာတော့ဒေါက်တာချွန်းရဲ့ဘ၀မှာအကြီးမားဆုံးအခက်ခဲဆုံးအနက်နဲဆုံးပြဿနာကြီးတစ်ခုကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း