ဇာတ်ကားများ ရွေးရန်

Rebel Moon: Part One - A Child of Fire

2023ဇာတ်ကားWeb-dl 4K SDR

ဒီဇာတ်ကားလေးဟာ Star War ရဲ့တစ်စိတ်တစ်ဒေသကို အခြေခံထားတာဖြစ်ပြီး Star War ရုပ်ရှင်တွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Zack Snyder ရဲ့လက်ရာဖြစ်တဲ့အတွက် ကောင်းမယ်ဆိုတာ ညွှန်းနေစရာတောင်မလိုပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ မိခင်ကမ္ဘာကြီးမှာ ဘုရင်ကြီးနဲ့မိဖုရားကိုလုပ်ကြံကာ အာဏာသိမ်းမှုဖြစ်ခဲ့တဲ့အတွက် ပရမ်းပတာအခြေအနေတွေဖြစ်နေခဲ့ပြီး တခြားဂြိုလ်တွေမှာလည်း ပုန်ကန်သူတွေပေါ်လာခဲ့ပါတယ်။ ဗေ့လ်ဆိုတဲ့ရွာငယ်လေးဟာ ရိုးသားကြိုးစားကြတဲ့လယ်သမားတွေနေထိုင်တဲ့ အေးချမ်းတဲ့နေရာလေးတစ်ခုပါ။ ဒါပေမဲ့ ရွာသားတစ်ယောက်က ရွာရဲ့ပိုလျှံနေတဲ့ရိက္ခာတွေကို တပ်ဖွဲ့တစ်ဖွဲ့ကိုရောင်းလိုက်မိရာက မိခင်ကမ္ဘာရဲ့တပ်ဖွဲ့တွေ သိရှိသွားပြီး သူတို့ဂြိုလ်ပေါ်ကို ရောက်ချလာတဲ့အပြင် ရိက္ခာလာဝယ်တာမဟုတ်ပဲ ဂြိုလ်ကိုသိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါ ရိုးသားတဲ့ရွာသူရွာသားတွေက ပုန်ကန်သူတွေနဲ့ပေါင်းပြီးမိခင်ကမ္ဘာရဲ့တပ်ဖွဲ့တွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာကို အရမ်းမိုက်တဲ့အာကာသတိုက်ပွဲတွေ၊ အက်ရှင်ခန်းတွေနဲ့ အပြည့်အဝကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း