ဇာတ်ကားများ ရွေးရန်

Dead Friend

2004ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဒီတစ်ခါမှာတော့ သရဲကားကိုမှကြိုက်နှစ်သက်သူတို့အဖို့ ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ကိုးရီးယား သရဲဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ Dead Friend aka The ghost လို့အမည်ရတဲ့ Horror Filmကို M-sub Channel ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အတိတ်မေ့ရောဂါဝေဒနါကို ခံစားနေရတဲ့ တက္ကသိုလ်ကျောင်းသူလေး ဂျီဝန်းဟာ တစ်နေ့မှာတော့ တစ်ယောက်ပြီးတစ်ယောက် သရဲရဲ့သတ်ဖြတ်ခြင်းကို ခံနေရတဲ့ အဖွဲ့နဲ့ သူနဲ့ဟာ အထက်တန်းတုန်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြမှန်း သိသွားပါတယ်။ ဒီလိုနဲ့တဖြည်းဖြည်း သူ့ရဲ့စိတ်တွေပိုပိုခြောက်ခြားလာခဲ့ရာကနေ အတိတ်ကို စပြီးတော့ သိချင်လာပါတော့တယ်။ သူဘာကြောင့် အတိတ်မေ့သွားခဲ့တာလဲ။ သူ့ရဲ့ သူငယ်ချင်းတွေကရော ဘာကြောင့် သရဲရဲ့သတ်ဖြတ်ခြင်းကိုခံနေရတာလဲဆိုတာကို သရဲကားတို့ထုံးစံအတိုင်း သည်းထိတ်ရင်ဖိုကြည့်ရှုသွားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ko Khant ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း