ဇာတ်ကားများ ရွေးရန်

Gabi

2012ဇာတ်ကားWeb-dl 1080p

ဒရာမာဇာတ်ကားကိုမှ တမူထူးခြားလှတဲ့ဇာတ်အိမ်မျိုးနဲ့ကြည့်ချင်တဲ့သူတွေအဖို့ ၂၀၁၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Gabi ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးမှာ မင်းသားဂျိုဂျင်မိုနဲ့ မင်းသမီးကင်ဆိုယွန်တို့ပါဝင်ထားပြီး Russian Coffee ဆိုတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အီလီရီချဲ့နဲ့တန်ယာတို့ဟာ ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာကြပြီး သိပ်ချစ်ကြတဲ့ချစ်သူတွေပါ။ သူတို့ဟာ ဥရောပ ကုန်တင်ရထားတွေဆီက ကော်ဖီစေ့တွေကို ဓားပြတိုက်ပြီး မင်းမျိုးမင်းနွယ်တွေကို ပြန်ရောင်းချတဲ့အလုပ်ကိုလုပ်ရင်း အသက်မွေးနေကြတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ဓားပြတိုက်လိုက်တဲ့ရထားဟာ သာမန်ကုန်တင်ရထားမဟုတ်ပဲ ရုရှားစစ်ရထား ဖြစ်ပါတယ်။ ဒီတော့ ရုရှားအာဏာပိုင်တွေဟာ သူတို့နှစ်ယောက်ကို ကွက်မျက်ပစ်ဖို့အတွက် အသည်းအသန်လိုက်ရှာပါတော့တယ်။ အီလီရီချဲ့နဲ့တန်ယာတို့ဟာ ရှောင်တိမ်းဖို့ ကြိုးစားပေမယ့် ရုရှားတွေဆီမှာ အဖမ်းခံလိုက်ရပြီး အသတ်ခံရလုနီးနီးမှာ ဂျပန်တွေက ရုရှားဘက်ကို ရွှေချောင်းတွေပေးပြီး လက်လွဲယူသွားခဲ့ပါတယ်။ တကယ်တော့ ဂျပန်တွေဟာ အီလီရီချဲ့နဲ့တန်ယာတို့ရဲ့အရည်အချင်းကိုအသုံးချပြီး ကော်ဖီကြိုက်တဲ့ ဂျိုဆွန်းဘုရင်ကို အဆိပ်ခတ်လုပ်ကြံမယ့် ဂါဘီစစ်ဆင်ရေးကိုအကောင်အထည်ဖော်ဖို့ပါပဲ။ အဲဒီတော့ အီလီရီချဲ့နဲ့တန်ယာတို့ဟာ ဂါဘီစစ်ဆင်ရေးကို အကောင်အထည်ဖော်နိုင်ပါ့မလား။ သူတို့နှစ်ယောက်ရဲ့အချစ်ရေးမှာရော ဘယ်လိုသက်ရောက်မှုတွေရှိနေမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း