ဇာတ်ကားများ ရွေးရန်

The Unbreakable Tatiana Suarez

2024ဇာတ်ကားWeb-dl 1080p

**ကိုယ့်ရဲ့ ဝါသနာနဲ့ ရည်မှန်းချက်ကို လွယ်လွယ်နဲ့ လက်လွှတ်လိုက်တော့မှာလား?...** အားလုံးကိုယ်စီမှာ ရည်မှန်းချက်တွေရှိကြမှာပါ။ ရည်မှန်းချက်တွေဟာ ဘယ်လောက်ပဲပြတ်သားပါစေ လောကဓံရဲ့ရိုက်ချက်တွေ ကံတရားရဲ့ရက်စက်မှုတွေနဲ့ကြုံရတဲ့အခါ အနည်းနဲ့အများ ယိုင်နဲ့လာတတ်ပါတယ်။ ဒီလို အခြေ‌အနေမျိုးကိုရောက်လာတဲ့အခါ ဘယ်လိုကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်ဖြတ်ကြမလဲ?... ဒီအတွက်တော့ MMA က နပန်းကစားသမား တာတီရာနာဆွာရက်ဇ်ရဲ့ အကြောင်းကို ရိုက်ကူးထားပြီး Rating (7.6) အထိ ရရှိထားတဲ့ Documentary လေးတစ်ခုကို Moti ယူစရာအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူ နပန်းလေ့ကျင့်တာကိုကြည့်ရင်းနဲ့ နပန်းအားကစားကိုစိတ်ဝင်စားလာပြီး အသက် (၁၂) နှစ်အရွယ်အရောက်မှာ အိုလံပစ်ချန်ပီယံ ဖြစ်လာဖို့ ရည်မှန်းခဲ့တဲ့ တာတီရာနာ... မိန်းကလေးတွေ နပန်းသတ်ပုတ်လို့မရဘူးဆိုတဲ့ ပတ်ဝန်းကျင် အယူအဆတွေကြားမှာ တစ်နေ့မှာတော့ သူဟာ အမေရိကန်အိုလံပစ်အသင်းအတွက် ကိုယ်စားပြုကစားပေးဖို့ ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ ပြိုင်ပွဲတွေဝင်ပြိုင်ရင်း MMA ပြိုင်ပွဲနဲ့ ရင်းနှီး‌လာပါတယ်။ **ငါက ဒုတိယ ဒါမှမဟုတ် တတိယနေရာ ရချင်စိတ်နဲ့ ဝင်ပြိုင်တာမဟုတ်ဘူး** **ငါက ချန်ပီယံ ဖြစ်ချင်တာ** ဆိုတဲ့ တာတီရာနာတစ်ယောက် သူ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ရင်း ဘယ်လိုမထင်ထားတာတွေ ကြုံတွေ့ရမလဲ... ငယ်ငယ်က အဖေနဲ့ဝေးခဲ့ပြီး အမေနဲ့သာ ကြီးပြင်းလာရတဲ့အပေါ် ရလာတဲ့စိတ်ဒဏ်ရာတွေကိုရော ဘယ်လိုကုစားမလဲ တော်ရုံလူတောင် လက်လျှော့သွားနိုင်မဲ့ အခြေအနေမှာ သူ့လို နပန်းကစားသမားတစ်ယောက်အတွက် အဆိုးရွားဆုံးအခြေအနေတွေကို ဘယ်လိုရင်ဆိုင်မလဲ... အခက်အခဲတွေ လောကဓံတွေကြားထဲကနေ အမျိုးသမီးတွေအတွက် ရှေ့ဆောင်လမ်းပြ နပန်းအားကစားသမားတစ်‌ယောက်ဖြစ်လာအောင် ဘယ်လိုကြိုးစားသွားမလဲ ဆိုတာတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Max ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း