500 Days in the Wild
တောထဲမှာခရီးသွားပြီးစွန့်စားခန်းထွက်တာတို့ ကြမ်းတမ်းခက်ခဲတဲ့ခရီးစဉ်တွေကိုကျော်ဖြတ်ရတဲ့ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် 500 Days In The Wild လို့ခေါ်တဲ့ဖြစ်ရပ်မှန် Documentary လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီထဲမှာအဓိကဇာတ်ဆောင်ကတော့ဒိုင်ယန်းဆိုတဲ့အသက် ၅၀ အရွယ်အောင်မြင်ကျော်ကြားတဲ့ရုပ်ရှင်တွေကိုရိုက်ကူးခဲ့တဲ့ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်ဖြစ်ပြီး တခြားသူတွေကိုရိုက်ကူးပေးရာကနေကိုယ့်ရဲ့စွန့်စားခန်းတွေကို ကိုယ်တိုင်ရိုက်ကူးဖို့အတွက်သူ့ရဲ့ခရီးစဉ်ကိုစဖို့အကြောင်းဖန်လာပါတော့တယ်။သူခရီးစမထွက်ခင်တုန်းကသူ့နိုင်ငံမှာမြင်ရကြားရသတင်းတွေကစိတ်ချမ်းသာစရာတစ်စက်မှမကောင်းတဲ့အတွက် ဒီလိုစိတ်ပင်ပန်းမွန်းကြပ်မှုတွေနဲ့ဝေးလံတဲ့အရပ်ကိုခရီးထွက်ဖို့အစီအစဉ်စဆွဲခဲ့ပါတော့တယ်။ ဒိုင်အန်းကသူနေထိုင်ရာတိုက်ကြီးရဲ့အစွန်းတစ်ဖက်ကနေတခြားအစွန်းတစ်ဖက်ကိုသွားဖို့ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ခရီးစဉ်ကိုရှေးဟောင်းနည်းအတိုင်းကားတွေဆိုင်ကယ်တွေဘာမှမပါပဲနဲ့စက်ဘီးတစ်စီး လှေတစ်စီးနဲ့သွားဖို့ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ခဲ့ပါတော့တယ်။အမျိုးသမီးတစ်ယောက်တည်းဒီလိုခက်ခဲတဲ့ခရီးစဉ်ကိုသွားရတဲ့အခါမှာကြောက်စိတ်တွေတော့ရှိပေမဲ့အဲ့ဒီကြောက်စိတ်တွေကိုသူဘယ်လိုကျော်လွှားနိုင်ခဲ့တယ်ဆိုတာတွေ လမ်းတစ်လျှောက်မှာရောဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုစွန့်စားခန်းတွေနဲ့ကြုံတွေ့ရမယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ Documentary တစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း