ဇာတ်ကားများ ရွေးရန်

The Sleepover

2020ဇာတ်ကားWeb-dl 1080p

မိသားစုလိုက် စွန့်စားခန်းထွက်ရတာကို ကြည့်ရမယ့် ပေါ့ပေါ့ပါးပါး ကားလေးဖြစ်ပါတယ်။ သာမန်မိသားစုဘဝနဲ့ ဖြတ်သန်းနေတဲ့ မာဂေ့ါ သူ့မှာ ပေါင်မုန့်စားဖိုမှူး ခင်ပွန်းရယ် သားရယ်သမီးရယ်ရှိတယ်။ မာဂေါ့က သားနဲ့သမီးကို အရမ်းစည်းကမ်းတင်းကျပ်ပါတယ်။ အရွယ်ရောက်နေတဲ့ သမီးကို ဖုန်းတောင် ပေးမကိုင်ပါဘူး။ သမီးဖြစ်သူက cellist ဖြစ်ပြီး သူ့အမေရဲ့ ချုပ်ချယ်မှုကို နားမလည်ပါဘူး။ ဒါမဲ့ တစ်ညမှာ သူတို့အိမ်ကို လူတွေရောင်လာပြီး မိဘနှစ်ပါးကို ဖမ်းခေါ်သွားတဲ့အခါမှာတော့ သူတို့အမေရဲ့ သရုပ်မှန်ကို သိလိုက်ရပါတော့တယ်။ မာဂေ့ါ နာမည်ရင်းက မက်သီဒါဖြစ်ပြီး ယခင်က သူခိုးအကြီးစားလုပ်ခဲ့ပါတယ် နောက်ပိုင်းမှာ သူတို့ခေါင်းဆောင်ကို သတင်းပေးပြီး မျက်မြင်သက်သေကာကွယ်ရေးထဲဝင်ခဲ့ပါတယ်။ ဒါကိုမှ ယခင်ပတ်သက်ခဲ့တဲ့ လူဆိုးတွေက အလုပ်တစ်ခုကူခိုင်းဖို့ ဖမ်းသွားတာပါ။ ဒီလိုနဲ့ ကလေးတွေက သူတို့မိဘတွေကိုကယ်ဖို့ သဲလွန်စတွေ ရှာပြီး နောက်ကနေ လိုက်လာပါတော့တယ်။ ဟာသတွေ အလွဲလေးတွေနဲ့ ရသစုံတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း