ဇာတ်ကားများ ရွေးရန်

Billion Dollar Heist

2023ဇာတ်ကားWeb-dl 1080p

ဒါလေးကတော့ Documentary Film လေးဖြစ်ပါတယ် ၂၀၁၆ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကို အင်တာနက်ကနေ ဘဏ်ဖောက်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်းကို မှတ်တမ်းတင် ဖော်ပြထားတာပဲ ဖြစ်ပါတယ် ခေတ်နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ IT နယ်ပယ်ကလည်း ကျယ်ပြန့်လာပါတယ် Computer system တွေကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပေါ်ထွက်လာသလို အဲ့ပညာကို အသုံးပြုပြီး မကောင်းမှု ဒုစရိုက်တွေ ပြုလုပ်ချင်ကြတဲ့ Hacker အဖွဲ့တွေ ဂိုဏ်းအဖွဲ့အစည်းတွေကလည်း ပေါ်လာပါတယ် ဒီကားလေးထဲမှာတော့ ၂၀၁၆ ခုနှစ်မှာ ဘဏ်တစ်ခုကို Cyber ကနေ ဝင်ဖောက်ခဲ့တဲ့ အကြောင်းကို မှတ်တမ်းတင်ပြထားတာဖြစ်ပြီး ၂၁ရာစုရဲ့ Cyber အန္တရာယ်ကိုလည်း မီးမောင်း ထိုးပြထားတာ ဖြစ်ပါတယ် အွန်လိုင်းကနေ ဘဏ်ဖောက်တဲ့သူတွေ ပြုလုပ်သွားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို သေသေချာချာ ဖော်ပြပေးထားပါတယ် ဒီ၂၀၁၆ ခုနှစ်က ဘဏ်ဖောက်မှု ဖြစ်ရပ်မှန်ကြီးရဲ့ တရားခံဟာလည်း လက်တွေ့လူ့လောကမှာ ဘယ်လောက်အန္တရာယ်ရှိတဲ့ ရာဇဝတ်မှု ဂိုဏ်းဖြစ်တယ် ဆိုတာ မှတ်တမ်းတင်ပြထားပါသေးတယ် ပြီးတော့ လူတွေရဲ့ IT နည်းပညာကို ပိုမိုမှီခိုလာမှုကြောင့် ဒီအန္တရာယ်တွေက ပိုပြီး ရှိလာနိုင်ကြောင်း ဒီအန္တရာယ်တွေက ဘယ်လောက်တောင်မှ စိုးရိမ်ဖွယ်အခြေအနေမှာ ရှိကြောင်းကိုလည်း Documentary ထဲမှာ ရှင်းလင်း တင်ပြသွားပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Henny ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း