Scam1770
"လျှောက်တဲ့လမ်းကြောင်းကို ပြောင်းရင်ပြောင်းမယ်။ ဒါပေမဲ့ ပန်းတိုင်ကိုတော့ ဘယ်တော့မှမပြောင်းဘူး" ဒီဇာတ်လမ်းလေးဆိုရင် အိန္ဒိယနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မီးမောင်းထိုးရိုက်ကူးပြထားတဲ့ ပညာပေးဇာတ်လမ်းလေးတစ်ပုဒ်ဆိုလည်းမမှားပါဘူး။ ဆေးကျောင်းတက်ချင်တဲ့ရည်မှန်းချက်ပြင်းပြတဲ့ "တီ"ဆိုတဲ့ကောင်လေးဟာ NEETစာမေးပွဲကို အဆင့်အနိမ့်ပိုင်းနဲ့ ဖြေဆိုအောင်မြင်ခဲ့ပေမဲ့ ဆေးကျောင်းဝင်ခွင့်နေရာကိုတော့ မရခဲ့ရှာဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်လှတဲ့သူဟာ နောက်နှစ်မှ အမှတ်များအောင်ပြန်ဖြေမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခဲ့ပေမဲ့ အဆုံးကျတော့ ဒီဝင်ခွင့်စီစဉ်တဲ့စနစ်ကြီးထဲမှာ လိမ်လည်မှုတစ်ခုရှိနေတာကို သိလိုက်ရပါတော့တယ်။ ဒါကို မခံမရပ်နိုင်ဖြစ်နေတဲ့ "တီ"ဟာ ဒီလိမ်လည်မှုကြီးရဲ့နောက်ကွယ်က တရားခံတွေကို အရေးယူနိုင်ဖို့အတွက် သဲလွန်စတွေလိုက်ရှာဖွေရင် အလိမ်ပေါ်အလိမ်ဆင့်နေတဲ့ လိမ်လည်မှုကြီးတစ်ခုနဲ့ ကြုံတွေ့လိုက်ရပါလေရော...။ သူသိထားတဲ့ အမှန်တရားက အလုံးစုံမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းပဲဆိုတာကို သိလိုက်ရတဲ့အချိန် "တီ"ဆိုတဲ့လူငယ်လေးတစ်ယောက် ဒီဆိုးရွားယုတ်မာတဲ့စနစ်ဆိုးကြီးကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း