ဇာတ်ကားများ ရွေးရန်

Kuman Thong or Black Magic Baby

2024ဇာတ်ကားအမှတ် 5/10Web-dl 1080p

ကူမန်ထောင်အရုပ်ဆိုတာ ထိုင်းရုပ်ရှင်တွေနဲ့ နီးစပ်သူတွေအတွက်တော့ ထူးဆန်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ တကယ်တော့ ဒီအရုပ်လေးတွေထဲမှာ ဝိညာဉ်ထည့်ပြီး အစောင့်အရှောက်လို ကလေးတစ်ယောက်လို မွေးကြတာမျိုးပါ။ ဒါပေမဲ့ ဒီကူမန်ထောင်ကြောင့် အဆင်ပြေတယ် ငွေဝင်တယ် ပြောကြသူတွေရှိသလို ဘဝပျက်ပြီး ကံဆိုးမိုးမှောင်ကျခဲ့ရသူတွေလည်း ဒုနဲ့ဒေးရယ်ပါ။ ပါးစပ်ရာဇဝင်ပါလို့ပဲပြောပြော တကယ်ဖြစ်ခဲ့တာလို့ပဲပြောပြော ရှင်သန်ခြင်းလောကရဲ့ပြင်ပ ပရလောကသားတွေနဲ့ဆက်ဆံနေတဲ့ အောက်လမ်းပညာမှာလည်း တန်ကြေးတစ်ခုတော့ ရှိတာပါပဲ။ အခုတင်ဆက်ပေးမှာက ဒီကူမန်ထောင်အရုပ်လေးအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရျင်လေးပါ။ ကလာရာဟာ ဖိလစ်ပိုင်နိုင်ငံသူ တစ်ကိုယ်တော်အမေတစ်ယောက်ဖြစ်ပြီး အိုင်းဆက်နဲ့ကေတီဆိုတဲ့ ကလေးနှစ်ယောက်ရှိပါတယ်။ အခုတော့ ကလာရာက ချစ်သူစိုင်ချွန်နဲ့လက်ထပ်ဖို့ ထိုင်းက စိုင်ချွန်ရဲ့အမေဆီ ခွင့်တောင်းဖို့ရောက်နေတာဖြစ်ပြီး စိုင်ချွန်ရဲ့အမေကတော့ ကလေးအမေ ကလာရာကို သိပ်သဘောမကျလှပါဘူး။ စိုင်ချွန်ကတော့ အိုင်းဆက်ကိုလောလောလတ်လတ် ဆုံးရှုံးထားရတဲ့ ကလာရာကို အသနားပိုပြီး စောင့်ရှောက်ပေးချင်စိတ် သနားစိတ်တွေ‌နဲ့ လက်ထပ်ဖို့စိတ်အားထက်သန်နေတာပေါ့။ ဒီလိုနဲ့ ကလာရာတစ်ယောက် စိတ်မနှံ့တဲ့အမျိုးသမီးနဲ့တွေ့ပြီး သေသွားတဲ့ကလေးဝိညာဉ်ကို ကူမန်ထောင်ထဲ ထည့်ပိတ်ပြီး ခေါ်လို့ရတယ်လို့ သိသွားတဲ့အခါမှာတော့ ဒီဇာတ်ကားကို အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Saturn ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း