ဇာတ်ကားများ ရွေးရန်

Endurance

2024ဇာတ်ကားWeb-dl 1080p

၁၉၁၅ ခုနှစ်မှာ တောင်ဝင်ရိုးစွန်းကို စွန့်စားခန်းထွက်ခဲ့တဲ့ သဘော်ကြီး တစ်စင်းဟာ စိတ်မကောင်းစွာပဲ နစ်မြှုပ်သွားခဲ့ပါတယ် အဲ့ဒီသဘော်ရဲ့ ကပ္ပတိန်နဲ့ အဖွဲ့သားတွေကတော့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ကြပါတယ် ဒီ Documentary Film လေးထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ရာကျော်က မြှုပ်သွားခဲ့တဲ့ သဘော်ကြီးကို ၂၀၂၂ ခုနှစ်မှာ ပြန်လည်ရှာဖွေရေးစခန်း ထွက်ခဲ့ကြတာ ဖြစ်ပြီး အဲ့ဒီ့သဘော်ပေါ်က ဇာတ်လမ်းအကြောင်းတွေကိုပါ တကျော့ပြန် ပြောပြထားတာ ဖြစ်ပါတယ် သဘော်ကြီး နစ်ပြီးသွားတဲ့ နောက်မှာ ကပ္ပတိန် ရှယ်ကဲလ်တန်နဲ့ သူ့အဖွဲ့သားတွေက ဘယ်လိုတောင် အန္တာတိကတိုက်ကနေ လွတ်မြောက်လာအောင် အခက်အခဲတွေကြား ရုန်းကန်ခဲ့ရလဲကို ပြသရင်း တဖက်က ၂၀၂၂ မှာလည်း မန်ဆမ် နီကိုနဲ့ သူ့အဖွဲ့သားတွေဟာ ဒီသဘော်ကြီးကို ရှာဖွေဖို့ အန္တာတိကတိုက်ထဲ ဘယ်လိုရုန်းကန်ရလဲ ဆိုတာကို ပြသထားပါတယ် ဒီလိုပြသထားခြင်းကြောင့် အဖွဲ့လိုက် စုပေါင်းလုပ်ဆောင်ခြင်းအင်အားဟာ မဖြစ်နိုင်တဲ့ အရာတွေ ဖြစ်တဲ့ သေဘေးက လွတ်မြောက်ခြင်း နှစ်ရာကျော် ပျောက်သွားတဲ့ သဘော်ကိုတောင် ပြန်ရှာတွေ့နိုင်တယ်ဆိုတဲ့ Teamwork, Leadership ရဲ့ အင်အားကို မြင်သာအောင် ပြသထားတဲ့ documentary film ပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Henny ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း