Shackleton: The Greatest Story of Survival
The Greatest Story of Survival လို့ဆိုလိုက်တာနဲ့ ၁၉၁၄ ခုနှစ်မှာ တောင်ဝင်ရိုးစွန်းဒေသ အန္တာတိတ်ကို စူးစမ်းလေ့လာရေးထွက်ခဲ့သူ ‘ဆာ အန်းနက်စ် ရှက်ကယ်လ်တန်’ကိုပဲ ပြေးမြင်ကြမှာပါ။ သူနဲ့ ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်တွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေလည်း အများအပြား ထွက်ရှိခဲ့ပါတယ်။ အဓိက,ကတော့ သူ့အဖွဲ့သား ၂၇ ယောက်အပေါ် သူ့ရဲ့ ခေါင်းဆောင်မှုကောင်းခဲ့တာတွေ၊ ရေခဲပင်လယ်ပြင်မှာ တစ်နှစ်နီးပါး ပိတ်မိပြီးနောက် ကုန်းတစ်တန်ရေတစ်တန်နဲ့ လူတွေနေထိုင်ရာ အရပ်ကို ပြန်ရောက်လာအောင် ကြိုးပမ်းကြရပုံတွေကို ဖော်ကျူးကြပါတယ်။ Documentary/ Adventure ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းမှာတော့ ‘တင်မ်ဂျားဗစ်’ဆိုတဲ့ ဩစတြေးလျံစူးစမ်းလေ့လာသူက ရှက်ကယ်လ်တန်သွားခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ ရေခဲပင်လယ်ပြင်မှာ သင်္ဘောညပ်သွားတာကစလို့ လှိုင်းကြမ်းတဲ့ တောင်ပင်လယ်ကို ပြန်ဖြတ်ပြခဲ့ပါတယ်။ တောင်ဂျော်ဂျီယာကျွန်းပေါ်က အက်ကွဲကြောင်းတွေ အပြည့်ရှိပြီး အန္တရာယ်သိပ်ကိုများတဲ့ ရေခဲတောင်တွေကိုလည်း သူ ခြေလျင်တက်ပြမှာပါ။ တစ်ဖက်မှာလည်း ရှက်ကယ်လ်တန်တို့ အဖွဲ့သားတွေ တောင်ဝင်ရိုးစွန်းဒေသမှာ ကြုံတွေ့ခဲ့ရပုံကို အသံသရုပ်ဆောင် Rupert Degas က ရှက်ကယ်လ်တန်နေရာကနေ ပါဝင်ပြီး အားဖြည့်ထားပါတယ်။ ဒီမှတ်တမ်းတင်ရုပ်ရှင်ကနေတဆင့် တင်မ်ဂျားဗစ် ပေးချင်တဲ့ သတင်းစကားကတော့ ဘယ်လိုနေရာကိုရောက်နေပါစေ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားကိုသာ ဆက်လက်မွေးမြူပြီး ကြိုးစားမယ်ဆိုရင် အောင်မြင်မှုကိုရရှိနိုင်ပါတယ်တဲ့။ ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိဖို့ကတော့ အဓိကပေါ့လေ။ ဒါပေမဲ့ ရုပ်ရှင်ရဲ့ အဆုံးသတ်နားမှာ နောက်ထပ် သတင်းစကားလေးတစ်ခုပါ,ပါသေးတယ်။ ရှက်ကယ်လ်တန် လူတွေဆီကို ပြန်လာတဲ့ လမ်းကြောင်းအတိုင်း သွားပြခဲ့တဲ့ တင်မ်ဂျားဗစ်တစ်ယောက် ပြောင်းလဲမှုအကြီးကြီးတစ်ခုကို သူမြင်တွေ့ခဲ့တာပါ။ ဘယ်လိုကိစ္စမျိုးကို တွေ့ကြုံခဲ့ရတာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း