ဇာတ်ကားများ ရွေးရန်

Five Friends or Sekawan Limo

2024ဇာတ်ကားWeb-dl 1080p

သရဲကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် "Sekawan Limo" ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ အဓိပ္ပာယ်ကတော့ "သူငယ်ချင်း၅ယောက်"တဲ့ "နောက်လှည့်မကြည့်ပါနဲ့ တစ်ခုခုလိုက်လာတတ်တယ်လို့" အဆိုရှိတဲ့ အင်ဒိုနီးရှားရဲ့ နာမည်ကြီးတောင်ဆီကို စူးစမ်းလေ့လာလိုတဲ့ လူငယ်တချို့တောင်တက်ခရီးစခဲ့ပါတယ် တောင်ပေါ်မှာပဲ အကြောင်းအမျိုးအမျိုးကြောင့် တောင်တက်လာတဲ့သူအချင်းချင်း တွေ့ဆုံမိရာက သူငယ်ချင်း၅ယောက်အဖွဲ့ ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ သူတို့ထဲကတစ်ယောက်က လူမဟုတ်ဘူးတဲ့ ဒါဆို အဲဒီတစ်ယောက်ကဘယ်သူလဲ "လှည့်မကြည့်နဲ့ တစ်ခုခုပါလာမယ်" ဆိုတဲ့အဆိုရဲ့ အဓိပ္ပာယ်ကရော ဘယ်လိုမျိုးလဲ တကယ်ပဲတစ်ခုခုပါလာတာလား? တောင်တက်ခရီးမှာ ကြုံလာတဲ့အခက်တွေကို တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်း ရင်ဆိုင်ဖြေရှင်းပုံတွေ၊ တောတောင်သဘာဝရှူခင်းတွေကို ကြည့်ရှုရမယ့်အပြင် ထိတ်လန့်ခြောက်ခြားစရာတွေကို လူငယ်ဆန်ဆန် ဟာသနှောပြီးရိုက်ကူးထားတာမို့ ရသစုံတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်အဖြစ် ညွှန်းပေးပါရစေရှင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း