ဇာတ်ကားများ ရွေးရန်

SORI: Voice From the Heart or Robot Sound

2016ဇာတ်ကားWeb-dl 1080p

ဂင်ဟယ်ဂွမ်ဟာ ပထမတစ်ခါ သမီးဖြစ်သူပျောက်သွားလို့ရှာရင်း ပြန်တွေ့တဲ့အခါ သမီးလမ်းပျောက်သွားခဲ့ရင် သူတို့ထိုင်နေကျဆိုင်လေးမှာ ရေခဲမုန့်စားရင်း သူ့ကိုစောင့်နေဖို့သမီးလေးနဲ့အချိန်းအချက်လုပ်ထားပါတယ်။ ဒီလိုနဲ့သမီးလေးအရွယ်ရောက်လာတော့ ထပ်ပျောက်သွားတဲ့အခါ ဘယ်နေရာမှာမှရှာလို့မတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ သမီးရှာပုံတော်ဖွင့်တာ ၁၀နှစ်ကြာသွားခဲ့ပေမဲ့ လူပျောက်ကြော်ငြာလက်ကမ်းစာစောင်ဝေတာကိုတော့ သူလက်မလျှော့ခဲ့ပါဘူး။ တစ်ရက်ကျ သူ့သမီးသတင်းရတယ်ဆိုပြီး စနောက်တဲ့ဖုန်းတစ်ခုက သူ့သမီးကိုကျွန်းပေါ်မှာတွေ့တယ်ဆိုလို့ လိုက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ အမေရိကန်ဘက်က ပျက်ကျသွားတဲ့ ဂြိုဟ်တုတစ်ခုကို ကမ်းခြေမှာတွေ့ရလို့ တည်းတဲ့အိမ်ဆီသယ်လာခဲ့ပါတယ်။ ဟိုလိုဒီလိုလိုက်ကလိရင်း ဒီဟာက ဖုန်းနံပါတ်တွေကိုခြေရာခံနိုင်တယ်ဆိုတာသိသွားပြီး မြို့ကိုယူချသွားပါတော့တယ်။ တစ်ဖက်မှာလည်း ဂင်ဟယ်ဂွမ်က သမီးဖြစ်သူရဲ့ဖုန်းနံပါတ်ကိုဂြိုဟ်တုထဲထည့်ပြီး သမီးကိုလိုက်ရှာနေပေမဲ့ တစ်ဖက်မှာလည်း ကိုရီးယားဘက်ကို အမေရိကန်ဘက်က ဂြိုဟ်တုရှာဖို့အကူအညီတောင်းထားတော့လိုက်ရှာကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ... ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း