ဇာတ်ကားများ ရွေးရန်

39 Derecede Ask or Love in 39 Degrees

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားကတော့ တူရကီဇာတ်ကားတစ်ကားဖြစ်ပြီး ဖာတစ်ဆိုတဲ့ ဂီတပညာရှင်တစ်ယောက်နဲ့ ကမ်ရူဆိုတဲ့ တရားလွှတ်တော်ရှေ့နေတို့ရဲ့ ကြောင်နဲ့ကြွက်လိုရန်ဖြစ်နေရင်းကနေ Romance ဆန်တဲ့ဘက်ကိုရောက်သွားတဲ့ အချစ်ကားလေးပဲဖြစ်ပါတယ် အစ္စတန်ဘူလ်မှာနေတဲ့ ကမ်ရူက ကွာရှင်းအမှုတစ်ခုကြောင့် အစ်ဇမီးယားမြို့ကိုသွားရတဲ့အချိန်မှာ အဖေ့ရဲ့တောင်းဆိုမှုကိုမလွန်ဆန်နိုင်တဲ့ ဖာတစ်ဆိုတဲ့ ဂီတပညာရှင်နဲ့တွေ့ဆုံခဲ့တာပါ ကမ်ရူက အလုပ်တစ်ခုလုပ်ရင် သေချာအစီအစဥ်ဆွဲပြီးမှာလုပ်လေ့ရှိတဲ့သူပါ သူများရဲ့ခံစားချက်ကိုနားမလည်နိုင်ပဲ သူမရဲ့အမြင်ကသာ အမြဲတမ်းမှန်တယ်လို့ယူဆထားတဲ့သူလို့ပြောလို့ရပါတယ် အမှုကြောင့်ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့တဲ့ တစ်နေ့တာကိုတူတူဖြတ်သန်းရင်း နောက်ဆုံးအမှုပြီးသွားတဲ့အချိန်မှာ အစ္စတန်ဘူလ်ကိုပြန်ဖို့လုပ်တဲ့အချိန်မှာ သူတို့ရဲ့ပရော်ဖက်ရှင်နယ်အလုပ်နဲ့ အချင်းချင်းအပေါ်အမြင်တွေကိုပြောင်းလဲစေနိုင်တဲ့ ဖြစ်ရပ်တွေကိုကြုံတွေ့ရတဲ့အခါ ဖာတစ်အပေါ်မှာရှိတဲ့သူမရဲ့ခံစားချက်ကိုနားလည်သွားမလားဆိုတာ ကြည့်လိုက်ကြပါဦးနော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း