Bonhoeffer: Pastor. Spy. Assassin. (2024)
ဒီတစ်ခေါက် နာဇီရုပ်ရှင်က ဟစ်တလာ ဂျာမနီမှာ ကြီးစိုးနေတဲ့ကာလမှာ ဘာသာရေးရှုထောင့်အရ အဓိကဇာတ်ကောင် သင်းအုပ်ဆရာကနေ လုပ်ကြံရေးသမားအဖြစ် ပြောင်းလဲသွားတဲ့ ဘွန်ဟော့ဖာရဲ့ Biography အနေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဟစ်တလာက သူ့ကိုယ်သူ ဘုရားသခင်ထက် ကြီးမြတ်တယ်လို့ သတ်မှတ်ပြီး ဂျာမနီဘာသာရေးကို ပြောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေမှာ သူ့စကားတွေ ချိတ်နဲ့ အာဏာသုံးပြီး အမျိုးမျိုးလျှောက်လုပ်နေတဲ့အချိန် ဂျာမန်သင်းအုပ်ဆရာ ဘွန်ဟော့ဖာက ဖိနှိပ်ညှင်းပန်းခံနေရတဲ့ ဂျူးတွေဖက်က ရပ်တည်ပြီး ဘာသာရေးမှာ ခြယ်လှယ်မခံရဖို့ တရားဟောခဲ့ပါတယ်။ ဟစ်တလာကို ဆန့်ကျင်တဲ့ဘုန်းတော်ကြီးတွေက ညှင်းပန်းနှိပ်စက်တဲ့စခန်းတွေ ရှေ့တန်းတွေ အပို့ခံရပြီး ဘွန်ဟော့ဖာကလည်း သူ့လုံခြုံရေးကြောင့် နိုင်ငံကနေ ထွက်သွားရပေမယ့် နောက်ဆုံးမှာ ဟစ်တလာကို လုပ်ကြံမယ့် အစီအစဉ်ထဲပါပြီး မအောင်မြင်ဘဲ ကြိုးပေးခံခဲ့ရပါတယ်။ လူမျိုးတုန်း သတ်ဖြတ်ခံနေရတဲ့ ဂျူးတွေကို ကာကွယဖို့ သူ့ရဲ့အားထုတ်မှု အနစ်နာခံမှုက ဂျာမနီသမိုင်းကြောင်းမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေမှာပါ။ ဒီဇာတ်ကားကို အညွန်းနဲ့ ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း