ဇာတ်ကားများ ရွေးရန်

Wicked

2024ဇာတ်ကားWeb-dl 4K SDR

၂၀၂၄ ခုနှစ်ရဲ့ရုပ်ရှင်ကားပေါင်းများစွာထဲက သေချာပေါက် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် ဂီတပြဇာတ်ကြီး Wicked ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတဲ့ Musical အမျိုးအစားရုပ်ရှင်ပါ။ ဒါရိုက်တာJon M. Chu ရိုက်ကူးထားပြီး Cynthia Erivo, Ariana Grande နဲ့ Michelle Yeoh တို့ ပါဝင်ထားပါတယ်။ ဒီဂီတဇာတ်လမ်းကို တေးရေးဆရာ Stephen Schwartz က စာရေးဆရာ Gregory Maguire ရဲ့ The Life and Times of the Wicked Witch of the West စာအုပ်ကို အခြေခံပြီးရေးသားခဲ့တာပါ။ အဲဒီစာအုပ်ရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ မူလ Classic ရုပ်ရှင် ၁၉၃၉ ခုနှစ်ထွက် The Wizard of Oz ကားထဲက Dorathyလေး Oz တိုင်းပြည်မရောက်ခင် Timeline ကိုအခြေခံထားတယ်.. The Wizard of Oz ထဲက wicked witch of the west ဖြစ်တဲ့ စုန်းမကြီး အယ်ဖာဘာရဲ့ မူလ အော်ရယ်ဂျင်နောက်ခံ ဇာတ်ကြောင်းနဲ့ ဗီလိန်တစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတာကို Prequel Film အနေနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်အကျဉ်းကတော့... လူတွေအထင်လွဲပြီး ကြောက်ကြတဲ့ အစိမ်းရောင် မှော်ဆရာမလေး အယ်ဖာဘာ နဲ့ လူတိုင်းချစ်ကြတဲ့ ကောင်မလေး ဂလင်ဒါတို့ မှော်ကျောင်းကြီးမှာ သူငယ်ချင်းဖြစ်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ အော့ဇ်တိုင်းပြည်ရဲ့ မှော်ဆရာကြီးနဲ့ တွေ့ဖို့ သွားကြရင်း မထင်ထားတဲ့ စွန့်စားခန်းတွေ ဖြစ်ပေါ်လာပုံနဲ့ ကြောက်စရာစုန်းမဆိုးကြီး ပေါ်ပေါက်လာပုံကို ပြသထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Aung Myat Tun ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း