Thaghut
အာရှ Horror ဇာတ်ကားလို့ပြောလိုက်ရင် ဒီနောက်ပိုင်း အရည်အသွေးပိုကောင်းလာတဲ့ အင်ဒိုနီးရှား Horror ဇာတ်ကားတွေကလည်း မပါမဖြစ်ပါပဲ။ထိုင်းတွေလိုပဲ ရိုးရာတွေ နတ်တွေနဲ့ပတ်သတ်တဲ့ Horror ဇာတ်ကားတွေကိုအမှီလိုက်ရိုက်ကူးနိုင်ခဲ့တဲ့အတွက် လူကြိုက်များနေရတာလည်းမဆန်းပါဘူး။အခုတစ်ခါမှာလည်း Thaghut ဆိုတဲ့ အင်ဒို Horror ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးမှာဖြစ်ပြီး လက်ရှိ IMDb Rating 7.1 အထိ ရရှိထားတဲ့အတွက် ကြည့်မကောင်းမှာတော့စိတ်ပူနေစရာကိုမလိုပါဘူး။ဒီဇာတ်လမ်းကို အစပိုင်းမှာ နွန် ရင်းနဲ့ ဂက်စ်ဆိုတဲ့ ဘော်ဒါကျောင်းမှာနေထိုင်တဲ့ သူငယ်ချင်း ၃ ယောက်နဲ့အစပျိုးထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။နွန်ကတော့ တီဗီကနေလွှင့်တဲ့ အဘာမူလီယာဆိုတဲ့ အရာအားလုံးကိုကုသပေးနိုင်တဲ့လူတစ်ယောက်ကိုအရမ်းအားကျနေပြီး အဲ့လိုဖြစ်ချင်နေသူတစ်ယောက်ဖြစ်ပါတယ်။ဖြစ်ချင်တော့သိပ်မကြာခင်မှာပဲ အားလုံးကိုကုသပေးနိုင်တဲ့အဘာက သူ့ကိုယ်သူတော့မကုသနိုင်ပဲသေဆုံးသွားခဲ့တဲ့အပြင် သူ့အဖေဖြစ်နေဆိုတဲ့လျှို့ဝှက်ချက်ကိုပါသိလိုက်ရပါတော့တယ်။ဒီလိုနဲ့အဖေအကြောင်းကိုသေမှသိရတဲ့ နွန်က သူငယ်ချင်းတွေနဲ့အတူတူ ဈာပနတက်ရောက်ဖို့သွားခဲ့ကြပါတယ်။ဒါပေမယ့် အဖေဖြစ်သူရဲ့အကြောင်းကိုဒီထက်ပိုနက်နက်နဲနဲသိချင်နေတဲ့နွန်နဲ့ အဲ့ဒီနေရာကြီးရဲ့မကောင်းတဲ့အကြံအစည်တွေနဲ့ပေါင်းစည်းသွားတဲ့အခါမှာတော့ ဘယ်လိုကြောက်မက်ဖွယ်ရာတွေကြုံတွေ့ရဦးမယ်ဆိုတာကို စိတ်လှုပ်ရှားစွာရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း