ဇာတ်ကားများ ရွေးရန်

The Man On The Road A.K.A L Uomo Sulla Strada

2022ဇာတ်ကားBlu-ray 1080p

‘အီရင်း’ဆိုတဲ့ကောင်မလေးက အသက် ၈ နှစ်အရွယ်မှာ ဖခင်လုပ်သူနဲ့ အတူတူလျှောက်လည်နေစဉ် သူမရဲ့ဖခင် ကားတိုက်ခံလိုက်ရတာကို မျက်မြင်တွေ့လိုက်ရသူပါ။ အခင်းဖြစ်တဲ့နေရာက တောင်ပေါ် လမ်းတစ်နေရာဖြစ်နေတဲ့အတွက် ဖခင်ဖြစ်သူကို ကားနဲ့တိုက်သတ်လိုက်တဲ့ လူကိုလည်း အီရင်း တစ်ယောက်တည်းကပဲ မြင်လိုက်ရပါတယ်။ အသက်ကလည်း ငယ်သေးတာရော .. ခပ်လှမ်းလှမ်းကနေသာ မြင်တွေ့လိုက်ရတာရောကြောင့် ကားသမားရဲ့ မျက်နှာကိုသူမ မမှတ်မိရှာပါဘူး။ ဒီလိုနဲ့သူမဖခင် ဆုံးပါးသွားချိန်ကစလို့ သူမခမျာ စိတ်တွေလေလွင့်နေပြီး ရန်လိုတတ်တဲ့စိတ်ရိုင်းတွေကပဲ အမြဲလိုလို စိုးမိုးနေတတ်ပါတော့တယ်။ မိခင်ကလည်း နောက်အိမ်ထောင်ထပ်ပြုတဲ့အပြင် ညီမလေးတစ်ယောက်ပါ ထပ်မွေးတော့ ဝမ်းနည်းမှုကိုထွေးပိုက်ထားရသူက သူမတစ်ယောက်တည်းလို ဖြစ်နေတော့တယ်။ ဒီလိုနဲ့ တစ်ရက်ကျ သူမဖခင်ကို ကားနဲ့တိုက်သတ်ခဲ့သူနဲ့ ပြန်ဆုံတွေ့ရဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့... ရုပ်ရှင်အမျိုးအစားကတော့ Thriller ဖြစ်ပြီး IMDb 6.2 လောက်ရထားတာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း