ဇာတ်ကားများ ရွေးရန်

Lingering or Hotel Lake

2020ဇာတ်ကားWeb-dl 1080p

A Korean Odyssey (စွန်းဝူခုန်း) ကားမှာ ဇွန်ဘီမလေးအဖြစ်နဲ့ မြန်မာပရိသတ်တွေ မှတ်မှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ Lee Se-young က ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားပါ တစ်ယောက်တည်း ကြိုးစားရုန်းကန်နေရတဲ့ ယွန်းမီဟာ ရုတ်တရက်ကြီး အမေတူ အဖေကွဲ ညီမလေးကို စောင့်ရှောက်ပေးဖို့ ဖြစ်လာတဲ့အခါမှာ သိပ်ကိုစိတ်ရှုပ်သွားရပါတယ် အမေဖြစ်သူက ထားပစ်ခဲ့လို့ အမေကိုစိတ်အနာကြီးနာနေတဲ့ ယွန်းမီက ဒီကလေးလေးကို လုံးဝမစောင့်ရှောက်ပေးချင်ခဲ့ပါဘူး ဒါနဲ့ပဲ သူ့အမေမဆုံးခင်အထိ အတူတူနေသွားခဲ့တဲ့ အမေ့ရဲ့သူငယ်ချင်း ဟိုတယ်ပိုင်ရှင်ဆီမှာ ကလေးကိုထားပစ်ခဲ့ဖို့ စီစဥ်ပါတော့တယ် ဟိုတယ်ကို ကလေးပို့ပြီး ပြန်မယ်လို့စိတ်ကူးထားတဲ့ ယွန်းမီအတွက် ခေါင်းကိုက်စရာနောက်တစ်ခုကတော့ သူ့ညီမလေးက ဟိုတယ်မှာ ပျောက်ဆုံးသွားတာပါပဲ... ပုံမှန်မဟုတ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံလာရပြီး ကလေးကလည်း ပြန်ရှာမတွေ့သေးတဲ့ ယွန်းမီတစ်ယောက် ဒီဟိုတယ်ထဲမှာ ဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ... ‌ဧည့်သည်တစ်ယောက်မှမရှိတဲ့ ခြောက်ခြားစရာဟိုတယ်ကြီးကရော ဘာတွေကိုဖုံးကွယ်လျှို့ဝှက်ထားတာလဲ.... ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ကြရအောင်နော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Felix Yan ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း