The Intruder
သရဲနဲ့ဖြဲမခြောက်ဘဲ တွေးရင်းနဲ့ကိုတစိမ့်စိမ့်ကျောချမ်းနေရမဲ့ Horror ဇာတ်ကားနောက်တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ The Intruder ဖြစ်ပြီး လက်ရှိ IMDb Rating 5.2 အထိရရှိထားပါတယ်။ဇာတ်ကားလေးရဲ့အစမှာတော့ မိဘနှစ်ပါးပိုင်တဲ့အိမ်ကိုတစ်ယောက်တည်းပြောင်းလာတဲ့ မိုက်ကယ့်ကိုတွေ့ရမှာဖြစ်ပြီး ရောက်တာသိပ်မကြာခင်မှာပဲ ညဖက်တွေဆို အိမ်ထဲမှာတစ်ယောက်ယောက်ရှိနေသလိုခံစားနေရပြီး တံခါးဖွင့်သံတွေ ခြေသံတွေလည်းကြားနေရပါတယ်။ဒီအကြောင်းတွေကိုသူ့အိမ်နီးချင်းဖြစ်တဲ့ ဂျိုးကိုပြောပြပေမဲ့သူ့မှာအိပ်မပျော်တဲ့ရောဂါလိုဖြစ်နေတာကြောင့် ခဏအိပ်တဲ့အချိန်အတွင်းမှာ အိပ်မက်ဆိုးတွေ ထင်ယောင်ထင်မှားတွေဖြစ်တယ်လို့သာ ပြန်လည်ဖြည့်တွေးခဲ့ရပါတယ်။ဒါပေမယ့် သူ့အိမ်ထဲကကျောချမ်းစရာတွေက တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာတဲ့အခါမှာတော့ မိုက်ကယ်တစ်ယောက် သံသယစိတ်တွေပိုပိုဖြစ်လာပြီး လူလည်းရူးချင်သလိုဖြစ်လာပါတော့တယ်။ဒါကြောင့်ဇာတ်ကားနာမည်အတိုင်း သူ့အိမ်ထဲကိုညတိုင်း ဖောက်ထွင်းဝင်နေတဲ့ ကျူးကျော်သူကတကယ်ရှိနေတာလား မိုက်ကယ်ရဲ့ထင်ယောင်ထင်မှားတွေပဲလားဆိုတာကို အထက်မှာပြောခဲ့သလိုပဲ တစိမ့်စိမ့်နဲ့ကျောချမ်းပြီးရှုစားရမဲ့စိတ်ဝင်စားစရာ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း