ဇာတ်ကားများ ရွေးရန်

9-11: The Day the World Stood Still

2025ဇာတ်ကားအမှတ် 5/10Web-dl 1080p

အမေရိကန်ပြည်ထောင်စုရဲ့သမိုင်းမှာ အမေရိကန်တွေ အသည်းနာရဆုံးဖြစ်ရပ်တစ်ခုဖြစ်တဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ Documentary တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကြီးကို လေယာဉ်ဝင်တိုက်ချိန် အဲဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့အရာတွေကို ပြည်သူတွေရဲ့အမြင်ဘက်ကနေ တင်ဆက်ထားတာဖြစ်ပါတယ်။ 9/11 တိုက်ခိုက်မှုဆိုတာကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အိုစမာဘင်လာဒင်ဦးဆောင်တဲ့ အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့အစည်းက အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ခဲ့တဲ့ အသေခံတိုက်ခိုက်မှုတွေကိုပြောတာဖြစ်ပါတယ်။ အဲဒီမနက်မှာ အယ်လ်ကေးဒါး အကြမ်းဖက်သမား ၁၉ ယောက်ဟာ ခရီးသည်တင် လေယာဉ် ၄ စင်းကို ပြန်ပေးဆွဲခဲ့ပြီး လေယာဉ် ၂စင်းကို ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံဖြစ်တဲ့ အမြွှာညီနောင်တာဝါကြီးနှစ်ခုကို ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်တိုက်ခဲ့တာကြောင့် လေယာဉ်ပေါ်မှာ ပါလာတဲ့ခရီးသည်အားလုံး သေဆုံးခဲ့ရုံသာမက အဆောက်အဦးအတွင်း အလုပ်လုပ်နေသူများလည်း သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Aung Myat Tun ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း