ဇာတ်ကားများ ရွေးရန်

Diqiu zuihou de yewan or Long Day's Journey Into Night

2018ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ 地球最后的夜晚 /"Long Day’s Journey into Night" (2018) ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Long Day’s Journey into Night ဟာ တရုတ်ဒါရိုက်တာ Bi Gan ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ကမ္ဘာ့ရုပ်ရှင်ပွဲတော်တွေမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လော်ဟုန်ဝူ ဆိုတဲ့ အတိတ်တွေထဲကနေ ရုန်းမထွက်နိူင်တဲ့ ကောင်လေးတစ်ယောက်ဟာ နှစ်အတော်ကြာပြီးနောက် မှာ သူ့ရဲ့ ရင်ထဲက မေ့လို့မရတဲ့ မိန်းကလေးတစ်ယောက် ဝမ်ရှီးဝိန် ကိုရှာဖွေရန် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ခိုင်လီမြို့ ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူမဟာ သူ့ဘဝထဲက ထူးခြားဆုံးအမှတ်တရလေးတွေနဲ့ ရောထွေးနေသူဖြစ်ပါတယ်။သူဟာ ဇာတိမြို့ကို ပြန်ရောက်လာတဲ့အချိန်မှာ ဝမ်ရှီးဝိန်ကို ရှာဖွေရင်း အတိတ်ကမှတ်ဉာဏ်များနဲ့ ရောထွေးသွားပြီး မှတ်ဉာဏ်နဲ့ အိပ်မက်ကြားက အရိပ်အယောင်တွေအဖြစ် ဖန်တီးကာ အမြင်အာရုံနဲ့ စိတ်ခံစားမှုတွေရှုပ်ထွေးသွားခဲ့ပါတယ်။ လော်ဟုန်ဝူ က ဝမ်ရှီးဝိန်ကို ရှာတွေ့နိူင်ပါ့မလား သူ့ရဲ့ အတိတ်မှတ်ဉာဏ်တွေကရော ရုန်းထွက်နိူင်ပါ့မလားဆိုတာ ကြည့်ရှု့ပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ NayChii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း