ဇာတ်ကားများ ရွေးရန်

13 Beloved or 13: Game of Death

2006ဇာတ်ကားBlu-ray 1080p

ဒီဇာတ်ကားလေးကတော့ အမေရိကန်ကနေ 13 sins ဆိုပြီး remake ပြန်ရိုက်ရတဲ့အထိအောင်မြင်ခဲ့တဲ့ 13 Beloved ဆိုတဲ့ ထိုင်း horror ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Phuchit ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်လဲပြုတ် အကြွေးတွေပတ်လည်ဝိုင်း ရည်းစားနဲ့လည်းပြတ်ပြီး ဒုက္ခပင်လယ်ဝေနေတဲ့လူတစ်ယောက်ပေါ့။ အဲဒီအချိန်မှာပဲ သူ့ဆီကို ထူးဆန်းတဲ့ဖုန်းတစ်ကောဝင်လာပါတယ်။ ဖုန်းထဲကလူက သူ့ကို ဂိမ်းတစ်ခုကစားဖို့ပြောပြီး ဂိမ်းနိုင်ရင် ဘတ်သန်းနဲ့ချီပြီးဆုကြေးငွေတွေ ရမယ့်အကြောင်းပြောပါတယ်။ သူလည်း မယုံတယုံနဲ့စမ်းကစားကြည့်လိုက်တဲ့အခါ တကယ်ပဲသူ့ဆီကို ပိုက်ဆံတွေဝင်လာခဲ့ပါတယ်။ အဲဒါနဲ့သူလည်း လယ်ဗယ်တွေတစ်ဆင့်ပြီးတစ်ဆင့် ဆက်ဆော့လာလိုက်တာ နောက်ပိုင်းမယုံနိုင်လောက်အောင် အံ့ဩထိတ်လန့်စရာကိစ္စတွေကိုပါ လုပ်ရဖို့ဖြစ်လာတဲ့အခါမှာတော့..။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Honey ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း