ဇာတ်ကားများ ရွေးရန်

Halu or Halusinasi

2015ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဒီဇာတ်ကား​လေးက​တော့ ​2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်ဒို​ဟော်ကား​​လေး ဖြစ်ပါတယ်။ လွန်ကဲတဲ့စ​နောက်မှုမျိုးမှာ ​ပျော်ရွှင်မှုတွေအစား ထိတ်လန့်​ကြောက်ရွံ့မှု​တွေကိုသာ ဖြစ်လာ​စေနိုင်တဲ့အ​ကြောင်းကို ပညာ​​ပေးရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ လစ့်နာဟာ အလုပ်အင်တာဗျူး​ဖြေဖို့အတွက် အစ်မဖြစ်သူ ဟန်နီ ရှိတဲ့ ဂျာကာတာကို တက်လာခဲ့ပါတယ်။ လမ်းခရီးတစ်​လျှောက်မှာလည်း ထူးဆန်းတဲ့အဖြစ်အပျက်​တွေ၊ ထိတ်လန့်ဖွယ်​သေဆုံးမှု​တွေကို မြင်​တွေ့လာခဲ့ရပါတယ်။ အစ်မဖြစ်သူဆီ ​​ရောက်ပြီးတဲ့အချိန်မှာလည်း ထူးဆန်းတဲ့​ခြောက်လှန့်မှု​တွေ ဆက်ဖြစ်​နေခဲ့ပါတယ်။ လစ့်နာ မြင်​နေရတဲ့အရာ​တွေက တကယ့်အဖြစ်အပျက်​တွေလား၊ ထင်​ယောင်ထင်မှားဖြစ်​နေတာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် အင်ဒို​ဟော်ရာကား​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း