ဇာတ်ကားများ ရွေးရန်

Late Shift or Heldin

2025ဇာတ်ကားWeb-dl 1080p

ဂျာမန်စကားပြော ဒရမ်မာရုပ်ရှင်ဖြစ်ပါတယ်။ ၂၀၃၀ ပြည့်နှစ်ရောက်တဲ့အခါ ဆွစ်ဇာလန်နိုင်ငံမှာ သူနာပြုအင်အား ၃၀,၀၀၀ လောက် လိုအပ်လာနိုင်ပါတယ်။ လေ့ကျင့်ပြီးကျွမ်းကျင်သူနာပြုတွေဟာလည်း ၄နှစ်လောက် အလုပ်လုပ်ပြီးတာနဲ့ အလုပ်ထွက်ကုန်ကြတာပါ။ တကမ္ဘာလုံးမှာ သူနာပြုတွေမလုံလောက်မှုက ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးပြဿနာကြီးတစ်ရပ် ဖြစ်လာပြီဖြစ်ပါတယ်။ WHO ရဲ့ ခန့်မှန်းချက်အရဆိုရင် ၂၀၃၀ ပြည့်နှစ်လောက်ရောက်ရင် သူနာပြုအင်အား ၁၃သန်းလောက် လိုအပ်လာတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဖလော်ရီယာဆိုတဲ့ သူနာပြုလေးရဲ့ ညနေပိုင်းတာဝန်ချိန်တစ်ခုစာ ပင်ပင်ပန်းပန်းလှုပ်ရှားရပုံကို အဓိကပြသထားတယ်။ ကင်ဆာဌာနရဲ့ တာဝန်ချိန်တစ်ခုစာကိုပဲ ရိုက်ပြသွားတာ.. ရိုးရှင်းတယ်။ ဒါပေမဲ့ လူဟာ သူ့ရဲ့ လုံးလည်ချာလည်လိုက်နေပုံကို ကြည့်ရရင်း စိတ်ကမွန်းကြပ်လာတယ်။ ဆေးရုံက လူအင်အားမလောက်၊ သူနာပြု ၂ယောက်တည်းနဲ့ လူနာတွေအများကြီးကို ကြည့်ပေးရတာ။ လူနာတွေကလည်း သူတို့ရဲ့ ရောဂါကြောင့် စိတ်ဖိစီးရတဲ့အထဲ၊ သူနာပြုကမလောက်တော့ သူတို့လိုအပ်ချက်တွေကို အချိန်မီ မဖြည့်ဆည်းနိုင်၊ သူနာပြုတွေကိုပဲ ဖိဆဲ။ လူတွေရဲ့ အကျင့်စရိုက်တွေကိုလည်း ရိုက်ပြထားတာ ရယ်ရခက် ငိုရခက်ပဲ။ နောက်ဆုံးတော့ ဖလော်ရီယာတစ်ယောက် burnout ဖြစ်လာပြီး ဘယ်လိုတွေတုံ့ပြန်ဖြစ်မလဲ။ သူအမှားတွေရော လုပ်မိမှာလားဆိုတာကို သိချင်စိတ်ပေါ်လာစေနိုင်တဲ့ ရုပ်ရှင်တစ်ခုလို့ပဲ ညွှန်းချင်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း