ဇာတ်ကားများ ရွေးရန်

Medal

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမှာတော့ အက်ရှင်ကားကြိုက်နှစ်သက်သူ ပရိသတ်ကြီးအတွက် ဇာတ်ကြမ်းကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယတောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း လက်တွေ့ဘဝက လောကဓံအလှည့်အပြောင်းများစွာကို အပိုအလိုမရှိ တင်ဆက်ထားပါတယ်။ ရာ့ဂျ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အပြေးစွမ်းရည်မှာ သူမတူအောင်ထူးချွန်ပြီး နိုင်ငံတော်အဆင့် ရွှေတံဆိပ်ကို ရဖို့ အစွမ်းကုန်ကြိုးစားနေသူတစ်ယောက်ပါ။ ဒီလိုနဲ့ ထရိန်နင်ဆင်းကြတဲ့အချိန်မှာ ရာ့ဂျ်ရဲ့ အားကစားစွမ်းရည်ကို မနာလိုဖြစ်တဲ့ လူတစ်စုပေါ်လာပါတယ်။ ဒီလိုနဲ့ ရာ့ဂျ်ကို အရက်မူးအောင်တိုက်ပြီး ချောက်ချဖို့ကြံစည်ကြပါတော့တယ်။ ရာ့ဂျ်ဟာ သူအရမ်းကို လိုချင်တောင့်တခဲ့တဲ့ ရွှေတံဆိပ်လေးကို သူ့ဘဝတစ်လျှောက်လုံး ရဖို့ မျှော်လင့်နေခဲ့ပါတယ်။ သို့ပေမယ့် ဘုမသိဘမသိနဲ့ လူရိုးလေး ရာ့ဂျ်တစ်ယောက် အကောက်ကြံတဲ့သူတွေကြောင့် ဘဝတစ်ခုလုံး ရေစုန်မျောသွားခဲ့ရတဲ့အခါ..... သူအိပ်မက်မက်နေခဲ့တဲ့ရွှေတံဆိပ်ဆု ရသွားခဲ့ပါ့မလား။ ကိုယ်က မှန်မှန်ကန်ကန်နေပေမယ့် ကိုယ့်ကို လာပြီးရစ်နွယ်နေတဲ့ နှောင်ကြိုးတွေကြောင့် ဘဝကြီး ရှုပ်ယှက်ခက်သွားခဲ့ရတဲ့အခါ..... ဘယ်လိုတွေ ကြမ်းကြမ်းရမ်းရမ်းနဲ့ လောကဓံကို အပီအပြင်ရင်ဆိုင်မလဲဆိုတာကို .....ရွာသားလေး ရာ့ဂ်ျဘဝကနေ ဂိုဏ်းစတားကြီး ရာ့ဂျ်ဘဝအထိ အားပါးတရ ကြည့်ရှုခံစားလိုက်ကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora Cohen ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း