ဇာတ်ကားများ ရွေးရန်

Stolen: Heist of the Century

2025ဇာတ်ကားWeb-dl 1080p

ကမ္ဘာပေါ်မှာ အလုံခြုံဆုံးလို့ သတ်မှတ်ခံထားရတဲ့ အန့်ဝပ် စိန်စင်တာမှာ လုံခြုံရေးစည်းမျဉ်းတွေကို ကျော်လွန်ပြီး ခိုးယူမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ခိုးယူခံရတဲ့ ပမာဏက ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ စိန်တွေ၊ ရွှေတွေနဲ့ အခြားလက်ဝတ်ရတနာတွေပါ။ အခုထိ ဘယ်သူ့လက်ထဲမှာ ရှိနေလဲဆိုတာကိုတောင် မသိရသေးပါဘူး။ ဒီခိုးယူမှုကြီးနောက်ကွယ်မှာ "ကျူရင်ကျောင်းတော်ကြီး" လို့ခေါ်တဲ့ အီတလီလူမျိုး သူခိုးအဖွဲ့ ပါဝင်ပတ်သက်နေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီရုပ်ရှင်မှာတော့ ခိုးယူမှုရဲ့ ဦးဆောင်သူ လီယိုနာဒို နိုတယဘာတိုလို ကိုယ်တိုင်ကနေ ဘယ်လိုစီစဉ်ခဲ့တယ်၊ ဘယ်လိုဖောက်ထွင်းခဲ့တယ်ဆိုတာကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟပြောပြသွားမှာပါ လုံခြုံရေး ကင်မရာတွေကို ဘယ်လို လှည့်စားခဲ့တယ်၊ အာရုံခံကိရိယာတွေကို ဘယ်လိုဖျက်ဆီးခဲ့တယ်၊ အကာအကွယ် စနစ်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာကို သူ့ရဲ့ပါးနပ်တဲ့ စီမံမှုတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ပရိသတ်တွေအတွက် Ocean's Eleven လိုမျိုး ခိုးမှုရုပ်ရှင်တွေကို ကြည့်ရသလိုမျိုး ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပြီး၊ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတာကြောင့် ပိုပြီး စိတ်ဝင်စားစရာကောင်းနေမှာမို့ အဆုံးထိ အသည်းတယားယားနဲ့ကို ကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Theo ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း