ဇာတ်ကားများ ရွေးရန်

Jiang Ziya Or Legend of Deification

2020ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Legend Of Deification 2020 ဆိုတဲ့ ဒဏ္ဍာရီလာသူရဲကောင်း ကျန်းကျီယာရဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှန်းမင်းဆက်ရဲ့ နောက်ဆုံးနှစ်များမှာ အမြီးကိုးချောင်းမြေခွေးမိစ္ဆာ ကျိုးဝိန်ဟာ လူလောကကိုဆင်းသက်လာပြီး ဧကရာဇ်ကျိုးရဲ့ မိဖုရားစူးသာ့ကျီအဖြစ်ဟန်ဆောင်ဟာ မြေခွေးမျိုးနွယ်စုနဲ့အတူ လောကြီးကို ဖျက်စီးသောင်းကျန်းခဲ့ပါတယ်။ လူသားမျိုးနွယ်တွေကို ကယ်တင်ဖို့အတွက် ကျင်းရွှီနန်းဆောင်မှ နတ်စစ်သည်များစုစည်းကာ လူလောကသို့ သွားရောက်ကယ်တင်ခဲ့ပါတယ်။ထိုအထဲမှာ ကျင်းရွှီနန်းဆောင်ရဲ့ တပည့်ကြီး ကျန်းကျီယာလည်း ပါဝင်ပြီး သူဟာ ကျိုးဝိန်ကို အနိူင်ယူပြီး ချေမှုန်းနိူင်ခဲ့ပါတယ်။သို့သော် ကျန်းကျီယာဟာ မိစ္ဆာကို သတ်ဖြတ်ဖို့ အမိန့်ပေးခံရချိန်မှာ ကာကွယ်ရမဲ့ကိစ္စတစ်ချို့ကြောင့် ကျိုးဝိန်ကို မသတ်နိူင်ခဲ့တဲ့အတွက် ကောင်းကင်ဘုံစည်းကမ်းများချိုးဖောက်မှုနှင့် ပေ့ဟိုင်မှာ အကျဉ်းချခံရန်ပြစ်ဒဏ်ပေးခံရပါတယ်။ ကျန်းကျီယာဟာ ကျိုးဝိန်ကို ဖမ်းဆီးနိူင်ခဲ့ပေမယ့် ဘာကြောင့် မသတ်နိူင်ခဲ့ရတာလဲ..? သူကာကွယ်ရမယ့် အကြောင်းအရာက ဘာဖြစ်မလဲ …? ကျိုးဝိန်ကရောဘာကြောင့် သုံးလောကကို ဖျက်စီးဖို့ကြိုးစားရတာလဲဆိုတာ ဇာတ်ကားလေးနဲ့ အတူ ကြည့်ရှု့ခံစားပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း