Qaid: No Wayyy Out
အဖိနှိပ်ကြီးတဲ့ အဖေရဲ့လက်အောက်ကနေ လွတ်မြောက်ဖို့ ရုန်းထွက်လာခဲ့တဲ့ လူငယ်တစ်ယောက်အတွက် အချစ်စစ်နဲ့တွေ့ဆုံခြင်းက ဘဝရဲ့ ဒုတိယအခွင့်အရေးတစ်ခုလိုပါပဲ။ သူ့အတွက်တော့ ဒီအချစ်က လွတ်လပ်မှုရဲ့အရသာနဲ့ နွေးထွေးတဲ့ခိုလှုံရာတစ်ခုပေါ့။ ဒါပေမဲ့ ကမ္ဘာကြီးတစ်ခုလုံးကို အကျပ်အတည်းဖြစ်စေခဲ့တဲ့ ကိုဗစ် Lockdown က သူတို့ရဲ့တံခါးကိုပါ လာခေါက်တဲ့အခါမှာတော့ သူခိုလှုံရာလို့ထင်ခဲ့တဲ့ အချစ်က သူ့အတွက် အကျဉ်းထောင်တစ်ခု ဖြစ်လာမှန်း မသိခဲ့ပါဘူး။ ချစ်ခြင်းမေတ္တာတွေပြလိုက် ခဏနေရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ ပေးလိုက်နဲ့ ကြောက်မက်ဖွယ်ရာ အချစ်ကစားပွဲတစ်ခုထဲမှာ သူ ပိတ်မိသွားခဲ့တယ်။ နောက်ဆုံးမှာ သူ ဒီဘဝကနေ လွတ်မြောက်ဖို့ ကြိုးစားတဲ့အခါမှာတော့ သူခိုလှုံရာလို့ထင်ခဲ့တဲ့ အိမ်လေးကိုယ်တိုင်က သူ့အတွက် အကျဉ်းထောင်အစစ် ဖြစ်သွားခဲ့တယ်။ အချစ်လို့ထင်ခဲ့တဲ့အရာက အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အခါ ဒီအိမ်ကရော ဒီဆက်ဆံရေးကရော သူဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်ရမလဲ။ အပြင်မှာ ရောဂါရဲ့ အန္တရာယ် အိမ်ထဲမှာ ကိုယ်ချစ်ရသူရဲ့ အန္တရာယ်ကြားမှာ ပိတ်မိနေတဲ့ သူ့အတွက် ထွက်ပေါက် တကယ်ပဲ ရှိပါဦးမလားဆိုတာကိုတော့ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း