The Palace
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ The Palace (2013) ဆိုတဲ့ ချင်းမင်းဆက်ခေတ်ကို နောက်ခံထားပြီး စိတ်ဝင်စားစရာ ချစ်ဇာတ်လမ်း၊ သစ္စာဖောက်မှုနဲ့ လှည့်စားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Historical ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ချိန်ရှန်း နဲ့ လျိုလီတို့ဟာ ငယ်စဉ်ကတည်းကနန်းတွင်းမှာ အမှုထမ်းနေတဲ့ မိန်းကလေးနှစ်ယောက် ဖြစ်ပြီး အတူတူကြီးပြင်းလာတဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ကြပါတယ်။သူတို့ဟာ နန်းတွင်းသူတွေအဖြစ် တာဝန်ထမ်းဆောင်ကြရင်း အရွယ်ရောက်ချိန်မှာ စိတ်ကူးယဉ်အချစ်ကိုယ်စီက နှလုံးသားထဲမှာ ပေါက်ဖွားလာကြပါတော့တယ်။ ဒီလိုနဲ့ ချိန်ရှန်းဟာ မင်းသား ၁၃နဲ့ မတော်မဆတွေ့ဆုံမိပြီး ချစ်ခင်စုံမက်သွားပါတော့တယ်။သို့သော် လျိုလီဟာတော့ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာကို လိုချင်စိတ်ပြင်းပြတာကြောင့် သူငယ်ချင်းဖြစ်သူအပေါ် သစ္စာဖောက်လှည့်စားပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ရန် ကြံစည်ပါတော့တယ်။ထို့ကြောင့် ချိန်ရှန်းဟာ သူ့ရဲ့ ကံကြမ္မာကို လုယူခံခဲ့ရပြီး မထင်မှတ်ထားတဲ့ ကိစ္စတွေကို ကြုံတွေ့ရပါတော့တယ်။နန်းတော်ထဲတွင် ချစ်ခြင်းမေတ္တာ သစ္စာရှိမှုနဲ့ မိမိအကျိုးအမြတ်အတွက် လိမ်လည်မှုတွေကြားထဲမှာ ချိန်ရှန်းတစ်ယောက် အမှန်တရားနဲ့ သစ္စာတရားကို ထိန်းသိမ်းနိုင်ပါ့မလား ..?လုယူခံလိုက်ရတဲ့ ကံကြမ္မာကိုရော ပြန်ရနိူင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးနဲ့ အတူ ကြည့်ရှု့ခံစားပေးပါဦးနော်။ ဒီဇာတ်ကားလေးမှာဆိုရင်တော့ နာမည်ကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ Chen Xiao ,Zhou Dongyu , Zhao Liying တို့က အတွဲညီညီနဲ့သရုပ်ဆောင်ထားပြီး နန်းတွင်းရဲ့အလှအပနဲ့ ခမ်းနားမှုတွေနောက်ကွယ်က လူတွေရဲ့ ရမက်ဆန္ဒများ သစ္စာဖောက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း ရိုက်ကူးထားတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း