COPES: Elite Commandos
ဒီရုပ်ရှင်က ကိုလံဘီယာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အထူးစစ်ဆင်ရေးကွန်မန်ဒို (COPES - Colombian police's Special Operations Command) အဖွဲ့ဝင်သစ်များ ရွေးချယ်ရေး လုပ်ငန်းစဉ်ကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ရဲအရာရှိ ၁၀၀ ကျော် ကမ္ဘာပေါ်မှာ အခက်ခဲဆုံးနှင့် အပြင်းထန်ဆုံး လေ့ကျင့်ရေးသင်တန်းများထဲမှ တစ်ခုကို ၄ လခွဲကြာ တက်ရောက်ပြီး COPES ကွန်မန်ဒိုဖြစ်လာရန် တစ်ခုတည်းသော ရည်မှန်းချက်ဖြင့် ကြိုးစားကြတာကို ကင်မရာအဖွဲ့က အနီးကပ် မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ သင်တန်းမှာ အောင်မြင်ရမယ့် ငရဲတမျှခက်ခဲတဲ့စမ်းသပ်မှု ၁၈ ခုရှိတာဖြစ်ပြီးတော့ တစ်ခုမကျန် အကုန်အောင်ရမှာဖြစ်လို့ လူအနည်းငယ်သာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က မှတ်တမ်းရုပ်ရှင်ဆိုပေမယ့် ရုပ်ရှင်ထဲမှာ သင်တန်းသားများရဲ့ အတွေ့အကြုံတွေ ကြမ်းတမ်းလှတဲ့ ဘဝနောက်ခံတွေ၊ ရင်တွင်းဖြစ်တွေ၊ ခက်ခဲကြမ်းတမ်းတာတွေ လုပ်နေပေမယ့် စိတ်နှလုံးနူးညံ့ပုံတွေ၊ ကြည်နူးစရာကောင်းလှတဲ့ သွေးသောက်ညီအစ်ကို နွေးထွေးမှုတွေ နဲ့ တစ်ဦးကို တစ်ဦး ယုံကြည်ပုံတွေ၊ ဖိအားတွေ အခက်အခဲတွေ အများကြီးနဲ့ရင်ဆိုင်နေရရင်တောင် ပျော်သင့်ပျော်ထိုက်တဲ့ အချိန်မှာ ပျော်ရွှင်သင့်ပုံတွေ၊ အကြောက်တရားကို ရင်ဆိုင်ပုံတွေ စတဲ့အရာပါဝင်တာကြောင့် အတွေးအမြင်များစွာ ရရှိနိုင်မယ့် တန်ဖိုးရှိလှတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Andrew ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း