Host
ဒီဇာတ်ကားလေးကတော့ ရမ်ပါကျွန်း ချွန်ဘူရီ ၁၉၇၆ ခုနှစ်ကာလကို အခြေခံထားတဲ့ ထိုင်းဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီကျွန်းပေါ်မှာတော့ လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ကျောင်း ရှိပြီး တနေ့ မြောက်ပိုင်းသူ အင်းခွမ်တစ်ယောက် ယခင်နေခဲ့တဲ့ လူငယ်လေ့ကျင့်ရေးကျောင်းကနေ ကျောင်းပြောင်းလာခဲ့ပါတယ်။ မြောက်ပိုင်းသူတွေရဲ့ ယုံကြည်မှုမှာ ကလေးမွေးဖွားလာတဲ့အခါ လူသားမိခင်နဲ့ သရဲမိခင်ဆိုပြီး ရှိကာ အစီအရင်နဲ့ ပွဲပေးပြီး သရဲမိခင်ဆီကနေ ကလေးကို ပြန်တောင်းရပါတယ်။ ဒီလိုမလုပ်ပါက ကလေးကို ပြန်ခေါ်သွားတတ်တယ်လို့ အယုံအကြည်ရှိပါတယ်။ မြောက်ပိုင်းသူ ဖြစ်ပြီး ကျောင်းသူသစ်လည်း ဖြစ်နေတဲ့ အင်းခွမ်ကို ကျောင်းသူခေါင်းဆောင် အန်းက အဖွဲ့လိုက်အနိုင်ကျင့်ပါတယ်။ သူတို့ မသိလိုက်တာက အင်းခွမ်မှာ သူ့ကို နောက်ကွယ်ကနေ လိုက်စောင့်ရှောက်ပေးနေတဲ့ သရဲမေမေရှိနေတယ်ဆိုတာပါပဲ။ သရဲမေမေက အင်းခွမ်ကို နာကျင်စေသူမှန်သမျှကို လက်တုံ့ပြန်တတ်သူဖြစ်လို့ သူတို့ကျောင်းသူအဖွဲ့ ဘယ်လိုခြောက်လန့်ခံရမလဲ........ဒီကျွန်းကနေ သူတို့လွတ်မြောက်နိုင်မလား....ကျောင်းကြီးရဲ့လျှို့ဝှက်ချက်ကရော ဘယ်လိုရှိမလဲဆိုတာကို စိတ်ခြောက်ခြားဖွယ် ခံစားကြည့်ရှုရမယ့် ထိုင်းဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း