Gong fu chu shen or Kung Fu Chefs
ဒီတစ်ခေါက်မှာတော့ ဟောင်ကောင်ရုပ်ရှင်ကားကောင်းလေး တစ်ကားဖြစ်တဲ့ Gong Fu Chu Shen 2009 ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဝမ်ပင်းယီဟာ စားဖိုမှုးတစ်ယောက်ဖြစ်ပြီး ကျေးရွာရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ စားသောက်ပွဲအခမ်းအနာတစ်ခုမှာ သူ့ထံမှ နဂါးခေါင်းဓါးကို လုယူချင်တာကြောင့် တူအရင်းဖြစ်သူထံမှ အကောက်ကြံခံခဲ့ရပြီး သူချက်တဲ့ ဟင်းလျာတွေထဲမှာ အဆိပ်ခတ်ခံခဲ့ရတာကြောင့် စားသောက်သူတွေကို ထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့် ဝမ်ပင်းယီဟာ ကျေးရွာမှာ ဆက်နေလို့မရတော့ဘဲ မြို့ပေါ်သို့ထွက်ခွာသွားခဲ့ရပါတော့တယ်။တစ်ဖက်မှာ ကနီချိဆိုတဲ့ လူငယ်လေးဟာလည် သိုင်းသင်တန်းကျောင်းမှာ ပညာသင်ကြားပြီးစီးတာကြောင့် ဆရာဖြစ်သူရဲ့ လမ်းညွှန်ချက်ဖြင့် အချက်အပြုတ်ပညာသင်ယူရန် ရှန်းစားသောက်ဆိုင်သို့ ရောက်ရှိလာပါတော့တယ်။ ဝမ်ပင်းယီဟာလည်း ရှန်းစားသောက်ဆိုင်သို့စားသုံးရန်ရောက်ရှိလာပြီး အကြောင်းအမျိုးမျိုးကြောင့် ရှန်းစားသောက်ဆိုင်မှာ စားဖိုမှုးအဖြစ်လုပ်ကိုင်ရန် အကြောင်းဖန်လာပါတော့တယ်။ဒီလိုနဲ့ ဝမ်ပင်းယီရဲ့ အချက်အပြုတ်စွမ်းရည်ကြောင့် ကနီချိဟာ သူထံတပည့်ခံပြီး သင်ယူရန် ကြိုးစားပါတော့တယ်။သို့သော် ဝမ်ပင်းယီရဲ့ တူဖြစ်သူဟာ ရှန်းစားသောက်ဆိုင်မှာ ဝမ်ပင်းယီရှိနေတာကို သိသွားပြီး အကောက်ကြံခဲ့တာကြောင့် စားသောက်ဆိုင်ဟာ နာမည်ပျက်စာရင်းဝင်သွားပြီး ဆက်လက်ရပ်တည်ရန် အခက်အခဲများစွာနဲ့ ကြုံတွေ့နေခဲ့ရပါတော့တယ်။အဲဒီအချိန်မှာပဲ တရုတ်နိုင်ငံအတော်ဆုံးစားဖိုမှူးရွေးချယ်မှု ၇ကြိမ်မြောက်ပြိုင်ပွဲကျင်းပခဲ့ပြီး စားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းကို ပြန်လည်ယူဆောင်ရန်အတွက် ကနီချိဟာ ဆရာဖြစ်သူကိုယ်စား ပြိုင်ပွဲဝင်ရန် အကြောင်းဖန်လာပါတော့တယ်။ကနီချိ တစ်ယောက် ပြိုင်ပွဲမှာ အနိူင်ရပါ့မလား ...ဝမ်ပင်းယီရဲ့ တူဖြစ်သူကရော ဦးလေးအပေါ် ဘာလို့ အကောက်ကြံရတာလဲဆိုတာကို တရုတ်တို့ရဲ့ စားချင်စဖွယ် ဟင်းလျာချက်ပြုတ်မှုများကို ရှု့စားရင်း ကြည့်ရှုပေးကြပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း