The Book of Sijjin and Illiyyin or Kitab Sijjin & Illiyyin
ဒီကားလေးကတော့ အင်ဒိုဟော်ရာကားကိုမှ အမုန်းတရားတွေရဲ့အကျိုးဆက်ဟာ ပျက်စီးခြင်းကိုပဲ ဦးတည်သွားတဲ့အကြောင်းကို ပညာပေးရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ယူလီဟာ ငယ်ရွယ်စဥ်မှာ မိဘတွေ အဖြစ်ဆိုးနဲ့သေဆုံးသွားလို့ ဖခင်ဖြစ်သူရဲ့ပထမဇနီးနဲ့အတူ နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ နောက်မိန်းမနဲ့ရထားတဲ့ ယူလီ့ကို သူ့မိထွေးက ကြင်နာစွာမဆက်ဆံပဲ အခိုင်းအစေလိုမျိုး ဆက်ဆံခဲ့တာပါ။ သူ့မိထွေးမှာတော့ လာရက်စ်လို့ခေါ်တဲ့ ယူလီနဲ့ရွယ်တူ သမီးလေးတစ်ယောက်ရှိပါတယ်။ ဒီလိုနဲ့ အသက်အရွယ်ရလာတဲ့အချိန် ယူလီတစ်ယောက် မိခင်ဖြစ်သူကို ကျိန်စာတိုက်ခဲ့သူက မိထွေးဖြစ်နေမှန်းသိလိုက်ရချိန် မခံချင်စိတ် မုန်းတီးစိတ်နဲ့ လာရက်စ်တို့မိသားစုကို ကျိန်စာတိုက်ဖို့ ကြံစည်ပါတော့တယ်။ ယူလီရဲ့လက်စားချေမှုကြောင့် လာရက်စ်တို့မိသားစုဝင်တွေ အသေဆိုးနဲ့ကြုံတွေ့ရပုံ...အောက်လမ်းနဲ့ အထက်လမ်းပညာတို့ရဲ့ အားပြိုင်ကြပုံတို့ကို စိတ်ခြောက်ခြားဖွယ်ဇာတ်ဝင်ခန်းများစွာနဲ့အတူ ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း