Gory: A Horror Tale or The Cursed: Insatiable Desires
ဒီတစ်ခေါက်မှာတော့ ကိုးရီးယား ရုံတင်သရဲကားအသစ်လေး “The Cursed”နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးထဲမှာ ဝါရင့်သရပ်ဆောင်များအပြင် အိုင်ဒေါသရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားလေးကတော့ အခြားသရဲဇာတ်လမ်းတွေလိုမဟုတ်ဘဲ ထူးထူးခြားခြားလေးရှိပါတယ်။ သူက ဇာတ်လမ်း အစပိုင်းမှာတော့ မီယွန်း (MAMAMOO Solar)လို့ခေါ်တဲ့ ဇာတ်ညွှန်းရေး ကောင်မလေးတစ်ယောက်က ဇာတ်လမ်းရေးဖို့အတွက် တိတ်ဆိတ်တဲ့ရွာတစ်ရွာကို ပြောင်းရွှေ့နေထိုင်ရာကနေ ဇာတ်လမ်းအစပြုထားပါတယ်။ ထိုရွာမှာ ထူးဆန်းတဲ့သစ်ပင်တစ်ပင်ရှိနေပါတယ်။ ထိုသစ််ပင်က ပုပ်ပြီးသေနေပြီဆိုပေမယ့်လည်း ပန်းတွေပွင့်နေပါတယ်။ ဒါကို မီယွန်းက သတိထားမိပြီး သူမ၏သူငယ်ချင်းဖြစ်သူ အီချယ်ဝန်း (Moon Chae-Won)ကို ပြောပြပေမယ့် မယုံခဲ့ပါဘူး။ ထို့နောက် သစ်ပင်ကြီးနဲ့ ဆက်စပ်ပြီး မီယွန်းရဲ့ ခန္ဓာကိုယ်မှာ ပန်းပွင့်တွေ ပွင့်လာခဲ့ပါတယ်။ ထို့နောက် ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ မီယွန်းဇာတ်လမ်းလေးပြီးတော့ သူမ၏သူငယ်ချင်း အီချယ်ဝန်းဆီရောက်သွားပါတယ်။ ချယ်ဝန်းက သူမရဲ့မျက်နှာနဲ့ ပတ်သက်ပြီး စိတ်မကျေနပ်နိုင်တဲ့သူတစ်ယောက်ပါ။ နှာခေါင်းခွဲစိတ်ဖို့စီစဉ်နေရာမှ သူမ၏ ဘေးအိမ်က “ပြီးပြည့်စုံတဲ့ မျက်နှာ”ဆိုတဲ့ စာကပ်ထားတဲ့ ပါဆယ်ပုံးလေးကိုတွေ့ပြီး ယူသွားပါတော့တယ်။ ပါဆယ်ပုံးထဲမှာ ပြီးပြည့်စုံတဲ့ နှာခေါင်းပုံစံလေးတစ်ခု ရှိနေတာပါ။ ချယ်ဝန်းက အဲ့အရာကို နှာခေါင်းပေါ်တင်လိုက်တဲ့အချိန် သူ့နှာခေါင်းဟာ သူကပ်လိုက်တဲ့အရာလိုမျိုး ပြီးပြည့်စုံသွားခဲ့ပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ပိတ်ကားပေါ်မှာဆက်ကြည့်ရင်း ဆက်လက်၍ အီချယ်ဝန်းရဲ့ ရုံးကဌာနခွဲမှူးရဲ့ ဇာတ်လမ်းလေးပါ ပါလာပါတယ်။ ထို့နောက် ဗီယက်နမ်ကအမှု့လေးတစ်ခုရယ်။ ဒီဇာတ်လမ်းလေးတွေက အကုန်လုံးမတူညီကြပေမယ့် နောက်ဆုံးမှာတော့ အရင်းအမြစ်ကတစ်ခုထဲဆိုတာ သိသွားရမှာပါ။ ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းတဲ့ သရဲဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုဖို့ အကြံပြုလိုက်ပါရစေ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Thiri Htun ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း