ဇာတ်ကားများ ရွေးရန်

12 O'Clock

2021ဇာတ်ကားWeb-dl 1080p

သည်းထိတ်ရင်ဖို မှုခင်းကားတွေနဲ့ ပရလောကဆန်ဆန် Horror ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် လုံးဝ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားကို ညွှန်းဆိုပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က သေဆုံးသွားပြီဖြစ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ လက်ရာအတိုင်း လူသတ်မှုတွေ ပြန်ဖြစ်လာတဲ့အခါ ရဲတွေရော ဆရာဝန်တွေပါ ခေါင်းခဲကြရပါတယ်။ သိပ္ပံပညာနဲ့ ယုတ္တိဗေဒကိုပဲ ယုံကြည်တဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်၊ သမီးဖြစ်သူအတွက် အရာရာကို ရင်ဆိုင်မဲ့ ဖခင်တစ်ယောက်နဲ့ အပြစ်မဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဓားစာခံလုပ်ပြီး ကစားကွက်ခင်းနေတဲ့ ဝိညာဉ်ဆိုးတို့ရဲ့ အားပြိုင်မှုကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ဒီကားရဲ့ အသက်ကတော့ သရဲခြောက်ရုံ သက်သက်မဟုတ်ဘဲ လူသတ်သမားဝိညာဉ်ရဲ့ ကောက်ကျစ်စဉ်းလဲမှုနဲ့ ဖခင်မေတ္တာကြားက အကျပ်အတည်းပါပဲ။ အမှောင်ထုကို အလင်းရောင်နဲ့ တိုက်ထုတ်ဖို့ ကြိုးစားရင်း ကိုယ်တိုင် အမှောင်ထဲကျသွားမလား။ ချစ်ရတဲ့ သမီးလေးကို ကိုယ့်လက်နဲ့ စတေးပစ်ရမလားဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေကို သရုပ်ဖော်ထားတာမို့ မဖြစ်မနေ ကြည့်ဖို့ ပြောချင်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Clara Sol ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း