Demigod: The Legend Begins
ဒီတစ်ခေါက်မှာတော့ တရုတ် (ထိုင်ဝမ်) ရဲ့ Pili Puppet Show (ရုပ်သေးအနုပညာ) ကို အခြေခံထားတဲ့ Demigod - The Legend Begins (2022) ဆိုတဲ့ Fantasy ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ " အင်းအားကြီးတာထက် လူ့အသက်ကို တန်ဖိုးထားနိူင်သူက ပိုကြီးမြတ်တယ်" "တရားမျှတမှုမရှိတဲ့ နတ်ဘုရားဖြစ်ရတာထက် တရားမျှတတဲ့ လူသားဖြစ်ရတာ ပိုကောင်းတယ်" ဇာတ်လမ်းအကျဉ်း ဝူလင်းလောကဟာ တောင်ငါးလုံးရဲ့ အုပ်စိုးမှုအောက်မှာ ငြိမ်းချမ်းစွာတည်ရှိနေပါတယ်။ စူးဟွမ်းကျင်းဆိုတဲ့ လူငယ်လေးဟာလည်း ဆရာဖြစ်သူနဲ့အတူ ပန်သောနယ်မြေမှာ နေထိုင်ခဲ့ပါတယ်။သူဟာ သူမိဘအရင်းတွေကို ရှာဖွေစုံစမ်းချင်ခဲ့တာကြောင့် အံ့ဖွယ်မှော်ကျောင်းတော်ကို ဝင်ရောက်ပြီး အနှိုင်းမဲ့ကောင်းကင်ဘုံကျမ်းစာအုပ်ကို ဖတ်ဖို့ကြိုးစားခဲ့ပါတယ်။သို့သော် သူ့မှာအရင်က ငှားရမ်းထားတဲ့ စာအုပ်ဖိုးအကြွေးတွေရှိတာကြောင့် ငှားရမ်းလို့မရနိူင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတော့တယ်။သို့သော် ကံကြမ္မာက မျက်နှာသာပေးတာလား ကံဆိုးမှုလား မသေချာတဲ့ အခွင့်အရေးတစ်ခုက စူးဟွမ်းကျင်းစီရောက်ရှိလာခဲ့ပါတော့တယ်။တောင်ငါးလုံးရဲ့ အရှင် စကြာဝဠာရဲတိုက်ရဲ့ သခင်ကြီးယွီလင်းဟာ ခြေထောက်ဒဏ်ရာပြင်းထန်နေပြီး ကုသပေးရန် စူးဟွမ်းကျင်းကို လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။စူးဟွမ်းကျင်းဟာ ဆရာဖြစ်သူရဲ့ မှာကြားမှုကြောင့် ဝူလင်းလောကရဲ့ အရှုပ်အထွေးတွေထဲကို ဝင်မပါရန်ဆုံးဖြတ်ထားပြီး ငြင်းဆန်ခဲ့သော်လည်း သူအရမ်းလိုအပ်နေတဲ့ အနှိုင်းမဲ့ကောင်းကင်ဘုံကျမ်းစာအုပ်ကို ဖတ်ခွင့်ရမယ်ဆိုတာ သိလိုက်ရတာကြောင့် တိတ်တဆိတ်ကုသပေးရန် ဆုံးဖြတ်ခဲ့ပါတော့တယ်။သို့သော် သခင်ကြီးယွီလင်ဟာ သူကုသပေးပြီး နောက်တစ်နေ့မှာပဲ သေဆုံးသွားတဲ့ အခါမှာတော့ ပြဿနာအားလုံးဟာ စူးဟွမ်းကျင်းအပေါ်သို့ ကျရောက်လာပါတော့တယ်။စူးဟွမ်းကျင်းတစ်ယောက် ထိုပြဿနာကနေ လွတ်မြောက်နိုင်ပါ့မလား...? သခင်ကြီးယွီလင်ကရော ဘာကြောင့်သေဆုံးသွားရတာလဲ ဆိုတာကို တောင်ငါးလုံးရှုပ်ထွေးပွေလီလှတဲ့ ဇာတ်ကွက်တွေနဲ့အတူ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း