ဇာတ်ကားများ ရွေးရန်

The Favor or Savior

2025ဇာတ်ကားWeb-dl 1080p

လှည့်စားခံလိုက်ရတဲ့ အံ့ဖွယ်အရာ The Favor "အံ့ဖွယ်ဖြစ်ရပ်ဆိုတာ အစကတည်းက ငါ့အတွက်ပဲ" "ဒုက္ခဆိုတာ နောက်ဆုံးမှာတော့ အဲဒီပုဂ္ဂိုလ်က ရွေးချယ်လိုက်တဲ့ လူဆိုတဲ့ အဓိပ္ပာယ်ပါပဲ" လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ကိုရီးယား သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ The Favor နဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးဟာ ကိုယ့်သားလေးအတွက် အံ့ဖွယ်အရာတစ်ခုကို မျှော်လင့်နေတဲ့ မိသားစုတစ်စုဆီကို မထင်မှတ်ထားတဲ့ အဘိုးအိုတစ်ယောက် ရောက်လာပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ကားတိုက်မှုကြောင့် ခြေထောက်မသန်တော့တဲ့ သားဖြစ်သူ ဂျုံဟွန်းအတွက် ဆရာဝန်ဖြစ်တဲ့ ဖခင်နဲ့ မိခင် ဆွန်းဟီးတို့ မိသားစုဟာ တိတ်ဆိတ်တဲ့ ရွာလေးတစ်ရွာကို ပြောင်းရွှေ့လာခဲ့ကြပါတယ် တစ်နေ့မှာတော့ သူတို့အိမ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အဘိုးအိုတစ်ယောက် ရောက်လာခဲ့ပြီးတဲ့နောက်မှာတော့ ဂျုံဟွန်းတစ်ယောက် အံ့ဖွယ်ဖြစ်ရပ်လိုပဲ ပြန်လည်လမ်းလျှောက်နိုင်ခဲ့ပါတယ် ဒါပေမယ့် သူတို့မိသားစုရဲ့ ဝမ်းသာရမှုက သိပ်မကြာလိုက်ပါဘူး ဂျုံဟွန်း လမ်းလျှောက်နိုင်သွားတဲ့ အချိန်မှာပဲ ရွာထဲက မင်ဂျယ်ဆိုတဲ့ ကောင်လေးဟာ ရုတ်တရက် လမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာထဲ လဲသွားခဲ့ပါတယ် တကယ်တော့ အဲဒီအံ့ဖွယ်အရာဆိုတာက တစ်ယောက်ရဲ့ ဒုက္ခကို နောက်တစ်ယောက်ဆီ လွှဲပြောင်းပေးလိုက်တဲ့ အလဲအလှယ်တစ်ခု ဖြစ်နေခဲ့တာပါ ကိုယ့်သား ပြန်ကောင်းလာဖို့အတွက် သူများရဲ့သားလေး ဒုက္ခရောက်သွားတာကို သိလိုက်ရတဲ့ မိခင် ဆွန်းဟီးတစ်ယောက် အမှန်တရားနဲ့ အတ္တကြားမှာ အကြီးအကျယ် ရုန်းကန်ရပါတော့တယ် ~ဒီအံ့ဖွယ်ဖြစ်ရပ်နောက်ကွယ်က အဘိုးကြီးရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ဘာများဖြစ်မလဲ ~ဆွန်းဟီးတစ်ယောက် ကိုယ့်သားအတွက် အတ္တနဲ့ပဲ ရှေ့ဆက်မလား မင်ဂျယ်အတွက် အမှန်တရားကိုပဲ ရွေးချယ်မလား ~သူတစ်ပါးရဲ့ ဒုက္ခပေါ်မှာ တည်ဆောက်ထားတဲ့ ဒီအံ့ဖွယ်အရာက သူတို့မိသားစုအတွက် တကယ်ပဲ ငြိမ်းချမ်းမှု ယူဆောင်လာပေးနိုင်ပါ့မလား ဆိုတာတွေကိုတော့ ရွေးချယ်ရခက်တဲ့ အခြေအနေတွေကြားက လူ့သဘာဝရဲ့ အတ္တတွေ လျှို့ဝှက်ချက်တွေနဲ့ ဖုံးလွှမ်းနေတဲ့ The Favor ဆိုတဲ့ ဒီကိုရီးယားဇာတ်ကားလေးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာဖြစ်လို့ ကြည့်ရှုခံစားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Ei ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း