ဇာတ်ကားများ ရွေးရန်

End Game

2021ဇာတ်ကားBlu-ray 1080p

"မင်းဘဝက အောက်ခြေထိ ရောက်နေပြီလား... ဒါဆိုရင်တော့ တခြားလူတစ်ယောက်နဲ့ ဘဝချင်း လဲလိုက်ဖို့ အခွင့်အရေးပေးမယ်" ဒီတစ်ခါ M Sub ကနေ တင်ဆက်ပေးမှာကတော့ နာမည်ကြီးမင်းသားကြီး Lau Ching-wan နဲ့ Xiao Yang တို့ အပြိုင်အဆိုင် သရုပ်ဆောင်ထားတဲ့ အက်ရှင်ဟာသကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ထူးထူးဆန်းဆန်း ဖြစ်ရပ်တစ်ခုကနေ စတင်ခဲ့တာပါ။ ပိုက်ဆံရှိပြီး နာမည်ကြီးလှတဲ့ ကြေးစားလူသတ်သမား Zhou Quan နဲ့ ဘဝမှာ ဘာတစ်ခုမှ အဆင်မပြေဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြိုးစားနေတဲ့ အပိုသရုပ်ဆောင် Chen Xiaomeng တို့ နှစ်ယောက်...။ တစ်နေ့မှာတော့ အများသုံး ရေချိုးခန်းတစ်ခုထဲမှာ ချော်လဲရာကနေ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာတွေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတော့တယ်။ မှတ်ဉာဏ်ပျောက်သွားတဲ့ လူသတ်သမားကြီးက အပိုသရုပ်ဆောင်ဘဝနဲ့ အောက်ခြေမှာ ရုန်းကန်ရသလို၊ ဘာမှမရှိတဲ့ အပိုသရုပ်ဆောင်ကလည်း လူသတ်သမားကြီးရဲ့ စည်းစိမ်တွေကို ခံစားရင်း ကြောက်လန့်စရာကောင်းတဲ့ လူသတ်မှုတွေကြားထဲ ရောက်သွားတဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ? ဒီဇာတ်ကားလေးထဲမှာဆိုရင် မင်းသားကြီး အန်ဒီလောက လူသတ်သမားတစ်ယောက်ရဲ့ တည်ငြိမ်မှုနဲ့ မှတ်ဉာဏ်ပျောက်ပြီးနောက်ပိုင်း ဖြစ်သွားတဲ့ ဟာသဆန်ဆန် သရုပ်ဆောင်ချက်တွေကို အပိုင်နိုင်ဆုံး ပြသသွားပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ခံစားရသလို၊ တစ်ဖက်မှာလည်း အက်ရှင်ခန်းတွေနဲ့ စိတ်လှုပ်ရှားစရာတွေကိုလည်း မြင်တွေ့ရမှာပါ။ "ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ မေ့သွားမှ တခြားလူတစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ ပိုလွယ်သွားတာလား" ဆိုတဲ့ အတွေးလေးတွေနဲ့အတူ လူသားဆန်တဲ့ သံယောဇဉ်တွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ "ဘုရားသခင်က မင်းကို ဘဝသစ်တစ်ခု ထပ်ပေးခဲ့ရင် မင်းရော ဘယ်လို အသုံးချမလဲ?" တရုတ်ရုပ်ရှင်ကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးဖြစ်လို့ အခုပဲ M Sub Movie Channel မှာ အားပေးကြည့်ရှုလိုက်ကြရအောင်ဗျာ။ ဒီဇာတ်ကားကို ဘာသာပြန်သူနဲ့ အညွှန်းရေးသားသူတော့ Mike ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း