ဇာတ်ကားများ ရွေးရန်

Vengeance or Revenge

2026ဇာတ်ကားWeb-dl 4K SDR

Vengeance (2026) ဟာ အက်ရှင်ရသကို အပြည့်အဝပေးစွမ်းနိုင်ပြီး Amazon Prime ကနေ အသစ်ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ကားလို့စ် အက်စ်ထရာဒါ (Carlos Estrada) ရဲ့ ဘဝကို အခြေခံပြီး ရိုက်ကူးထားတာပါ။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ချစ်ဇနီး ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရချိန်မှာတော့ သူ့ဘဝကြီးဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ ဇနီးဖြစ်သူ ဆုံးရှုံးသွားတဲ့ နာကျင်မှုတွေကနေတစ်ဆင့် ကလဲ့စားချေလိုစိတ် တစ်ခုတည်းနဲ့ အသက်ရှင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ မမျှော်လင့်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့် ကားလို့စ်ဟာ ရုတ်တရက် သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်လာခဲ့ပြီး ဒီငွေကြေးတွေကို သာမန်လူတွေလို ဇိမ်ခံဖို့မသုံးဘဲ သူ့ဇနီးကို သတ်သွားတဲ့ တရားခံတွေကို လိုက်လံရှာဖွေဖို့အတွက် အဆင့်မြင့် လက်နက်တိုက်ကြီးတစ်ခု တည်ဆောက်ရာမှာ အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ အယုံကြည်ရဆုံး တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ပူးပေါင်းပြီး တရားခံတွေကို အသေအလဲ လိုက်လံချေမှုန်းပါတော့တယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဗိုလ်မှူးကြီး ဂါဘရီရယ်လာ (Gabriela Rangel) ဆိုရင်လည်း စစ်ဆင်ရေးတွေမှာ သူ ဘယ်လောက်အထိ ပြတ်သားထက်မြက်လဲဆိုတာကို ပီပီပြင်ပြင်တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားဟာ သာမန် အက်ရှင်ကားတွေလို ပစ်ခတ်တိုက်ခိုက်ရုံသက်သက်မဟုတ်ဘဲ ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ နာကျင်မှုတွေနဲ့ အမှောင်ဘက်ခြမ်းကိုပါ ရိုက်ကူးတင်ဆက်ထားပါတယ်။ ကြည့်ရှုသူကို အစအဆုံး ဆွဲခေါ်သွားနိုင်မယ့် ဇာတ်အိမ်အပြင်၊ ဇာတ်ဝင်ခန်းတိုင်းမှာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ပြကွက်တွေ ပါဝင်တာကြောင့် အက်ရှင်ဇာတ်လမ်းတွေကို နှစ်သက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း